လေးမျက်နှာ၊ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစား နှင့်ပညာရေး ပေါင်းစပ်၍ Physical Fitness Dance သင်တန်းဆင်းပွဲနှင့် လေးမျက်နှာမြို့နယ် အမျိူးသား/ အမျိူးသမီး ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်၌ မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ် အားကစားမှူးဦးတေဇာမျိူးမှ မိမိတို့အနေဖြင့် Physical Fitness Dance သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ ဝမ်းသာဂုဏ်ယူမိကြောင်း၊ ဆက်လက်၍ အဆိုပါသင်တန်းများကို ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း အသင်းအားအောင်မြင်အောင် ကြိုးစားယှဉ်ပြိုင်သွားစေ လိုကြောင်း နှင့် အခမ်းအနားကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Physical Fitness Dance သင်တန်းသားများမှ ကပြဖျော်ဖြေခဲ့ပြီး အဆိုပါ သင်တန်းသားများအား မြို့နယ်အားကစားမှူးဦးတေဇာမျိူးမှ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပိုက်ကျော်ခြင်း ကစားသမား များအား အားကစားဝတ်စုံ၊ ထွက်စု၊ထွက်ပင်၊ ဖိနပ်နှင့်ခြေ အိပ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ် ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်း အသင်းအား ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူးဦးကျော်ဇေဝဏ္ဏသူမှ အောင်နိုင်ရေးအလံပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - ကျော်ဟိန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment