မလှိုင်မြို့နယ်ထွေ/အုပ်ရုံး ဝန်ထမ်းများအား ရုံးလုပ်ငန်းလက်စွဲ စာအုပ်များ အခမဲ့ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်ထွေ/အုပ်ရုံး ဝန်ထမ်းများအား ရုံးလုပ်ငန်းလက်စွဲ စာအုပ်များ အခမဲ့ ထောက်ပံ့ပေးအပ်




မလှိုင်၊ ဒီဇင်ဘာ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ပေါ်ရုံး ဝန်ထမ်းများ နှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေနှင့်  ရုံးလုပ်ငန်း သဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော ရုံးလုပ်ငန်းများ စနစ်တကျဖြစ်စေရေး၊ ဌာန၏လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖေါ် ဆောင်ရွက်ရသည့် ဝန်ထမ်းများသည် မိမိဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များပြီးမြောက်အောင် ဆောင်ရွက်ကြရာ၌ မှန်ကန်ထိရောက်သော ရုံးလုပ်ငန်း ဆောင်ရွက်မှုဖြင့် အထောက်အကူပြုနိုင်မှသာလျှင် ပြီးပြည့်စုံသော ရုံးလုပ်ငန်း ဆောင်ရွက်နိုင်မည် ဖြစ်၍  ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် တစ်ပြေးညီ တစ်ညီတစ်ညွတ်တည်း  တစ်ပုံစံတည်း လိုက်နာ ကျင့်သုံးနိုင်ရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် လွင်၊ ဒုတိယ ဦးစီးမှူးများဖြစ်ကြသော ဦးဇင်ကိုလတ်၊ ဒေါ်သီတာအေးနှင့် ဒေါ်ယဉ်မင်းထက်တို့က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လတွင် ဒုတိယအကြိမ်ပြင်ဆင်  ပုံနှိပ်ထုတ်ဝေ သည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်များကို ဝန်ထမ်းတစ်ဦးချင်းအား အခမဲ့ ပေးအပ်ခဲ့သည်။  ပေးအပ်ပွဲ သို့ မြို့နယ်ရုံး ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၅၆) အုပ်စုမှ စာရေးဝန်ထမ်း(၈၅) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

သတင်း - အောင်ဌေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)