ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်းများနှင့် မျက်မမြင် ကျောင်းသို့ ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ သွား‌ရောက်ထောက်ပံ့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်းများနှင့် မျက်မမြင် ကျောင်းသို့ ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ သွား‌ရောက်ထောက်ပံ့ ပေးအပ်




မြစ်ကြီးနား၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေး ကျောင်းများ နှင့် မျက်မမြင်ကျောင်းသို့ ဆန်၊ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များဖြစ်ကြသည့် ဦးလောဆန်းနှင့် ဦးခွန်သန့်ဇင်တို့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မိဘမဲ့ကလေးများ ဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ပြီး ဂေဟာ တာဝန်ရှိသူများ၊မိဘမဲ့ကလေးများအား ပြည်နယ်ဝန်ကြီးချုပ်က ခရစ်စမတ်ကာလ အတွင်း မိဘမဲ့ဂေဟာများနှင့် မျက်မမြင်ကျောင်းများအတွက် နေထိုင်စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့လှူဒါန်းရခြင်းဖြစ်ကြောင်း ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ပြောကြားပြီး အလှူရှင်များနှင့် အတူ ဆန်၊ ဆီ၊ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ခြုံစောင်များကို ထောက်ပံ့ပေး အပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက စီတာပူရပ်ကွက်ရှိ Grace Happy Land မိဘမဲ့ကလေးများပြုစုစောင့်ရှောက်ရေးကျောင်း၊ မိဘမဲ့ရိပ်မြုံဂေဟာနှင့် တပ်ကုန်း(အင်ဂျံဒုံ) ရပ်ကွက်ရှိ မေတ္တာရင်ခွင်မိဘမဲ့ဂေဟာတို့ကို ဆက်လက်သွားရောက်ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ  အားပေးစကား ပြောကြားပြီး ဆန်၊ ဆီ၊ ခြုံစောင်နှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်ကြီးရပ်ကွက်ရှိ အေးမြသာယာ မျက်မမြင်ကျောင်း သို့သွားရောက်ပြီး မျက်မမြင်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ကျောင်းသူ များအား တွေ့ဆုံအားပေး စကားပြောကြားရာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြား ပြီး ခရစ်စမတ်တေးသီချင်း သီဆိုကြကာ ကျောင်းအတွက် ဆန်၊ ဆီ၊ ခြုံစောင်များ၊ ကိုဗစ်ကာကွယ် ရေးသုံးပစ္စည်းများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အလှူငွေကျပ် ၈ သိန်းကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ကြီး က မှတ်တမ်းတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များ၏ မျက်မမြင်ကျောင်းနှင့် မိဘမဲ့ဂေဟာများသို့ လှူဒါန်းမှုမှာ ဆန်အိတ် ၁၀၀၊ ဆီ ၁၀၀ ဗူး၊ ခြုံစောင် ၁၀၀ နှင့် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ် သည့် နှာခေါင်းစည်း Mask များ၊ Hand Gel ဘူးများ၊ ဆပ်ပြာခဲများကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)