မြစ်ကြီးနားမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ



မြစ်ကြီးနား၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအား "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို" ဆောင်ပုဒ်ဖြင့် အမှတ် (၁) မူလတန်းကြိုကျောင်း စမ်းသီတာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြန်မာနိုင်ငံ၏ လူဦးရေ ၅၄.၉ သန်းခန့်မှာအမျိုးသမီးများပါဝင်မှုမှာ ၅၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထက်ဝက်ကျော် မကသည့် အမျိုးသမီးထုကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းများမှ ကာကွယ်ပေးခြင်းများသည် နိုင်ငံသားများအားလုံး၏ ဖွံ့ဖြိုးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံသားများအားလုံးကို ကာကွယ်‌‌ပေးရာရောက်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး  မေတ္တာရင်ခွင် ပရဟိတဂေဟာမှ အမျိုးသမီးငယ်များက ကြိုဆိုသောမနက်ဖန်များ သီချင်းဖြင့်လည်းကောင်း၊ မေတ္တာရိပ်မြှုံ ပရဟိတဂေဟာမှ အမျိုးသမီးငယ်များက အသက်ရှူမ၀သော နေ့ရက်များ သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အသိပညာပေးဆိုင်ရာ Video Clip များ ပြသခဲ့သည်။

ယင်းနောက် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြသည့် အမျိုးသမီးငယ်များအား ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)