ဘုတလင်မြို့နယ်၌ ဆေးရုံသုံးဆေးပစ္စည်းများထုတ်ယူရန် ဆေးရုံဝန်ထမ်းများ လိုက်ပါထွက်ခွာလာသည့် မော်တော်ယာဉ်အား NLD, PDFအကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတလင်မြို့နယ်၌ ဆေးရုံသုံးဆေးပစ္စည်းများထုတ်ယူရန် ဆေးရုံဝန်ထမ်းများ လိုက်ပါထွက်ခွာလာသည့် မော်တော်ယာဉ်အား NLD, PDFအကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်


နေပြည်တော်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ဆေးရုံသုံးဆေးပစ္စည်းများထုတ်ယူရန် ဆေးရုံဝန်ထမ်းများ လိုက်ပါထွက်ခွာလာသည့် မော်တော်ယာဉ်အား NLD, PDFအကြမ်းဖက်လက် နက်ကိုင် အဖွဲ့များက မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံဝန်ထမ်းများဖြစ်သည့် ဒေါ်ခိုင်ခိုင်ထွေး(၄၈)နှစ် (ဘ)ဦးထွန်းအောင်၊ မထိပ်တင်ထွေး (၂၅)နှစ် (ဘ)ဦးဆန်းလင်း၊ ကျော်ဇင်ဖြိုး(၁၉)နှစ်နှင့် ဦးဇော်မင်းသန်း(၅၂)နှစ် (ဘ)ဦးဘိုလေးတို့သည် ဆေးရုံသုံးပစ္စည်းများထုတ်ယူရန်အတွက် မုံရွာမြို့ သို့ 8J/8606 Super Custom ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကျီးပင်ချောင်ကျေးရွာအနီးသို့အရောက်  NLD, PDFအကြမ်းဖက် လက်နက်ကိုင်အဖွဲ့များက လက်လုပ်မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှု ကြောင့် မော်တော်ယာဉ်၏ ဝဲ/ယာမှန်များနှင့် ဆီတိုင်ကီတို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဒေါ်ခိုင်ခိုင်ထွေး တွင် နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ မထိပ်တင်ထွေးတွင် နောက်ကျောပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ကျော်ဇင်ဖြိုးတွင် ဝဲ/ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ ၂ ချက်နှင့် ဦးဇော်မင်းသန်းတွင် ဝဲနားရွက် စုတ်ပြဲ ဒဏ်ရာ၊ ဝဲနားထင်/ဝဲချိုစောင်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် NLD, PDFအကြမ်းဖက်လက်နက်ကိုင် အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များကဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များ နှင့် အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)