မိုင်းဖြတ်မြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ လုပ်ငန်းညှိနှိုင်းဆွေနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ လုပ်ငန်းညှိနှိုင်းဆွေနွေးပွဲပြုလုပ်


မိုင်းဖြတ်၊ ဒီဇင်ဘာ   ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ရခြင်းနှင့် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအသင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။  ထို့နောက် အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အမှုဆောင်ကော်မတီအဖွဲ့  ပြန်လည် ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းလည်ပတ် နေသည့်အခြေအနေများနှင့် အမှုဆောင်ကော်မတီအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်းရေးအတွက် အသင်း၌ အမှန်တကယ်ဆောင်ရွက်နိုင်မည့် အသင်းသား ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦးကို ရွေးချယ်ခဲ့ပြီး အဆိုပါရွေးချယ် ခဲ့သည့်(၁၀)ဦးအနက် (၅)ဦးကို မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၀- ၂၀၂၁ခု ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး၌ ပြန်လည်စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်ကို ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၁၂ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဆိုပါငွေစုငွေချေးအသင်း၌ အသင်းသားဦးရေ (၁၇၃)ဦးရှိပြီး အသင်းမှာလုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်လျက်ရှိကြောင်း သိရသည်။

သတင်း - ရွှေကို

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)