ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ခမီရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲတော်ကျင်းပခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ဂန္ဓရီကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ခမီရိုးရာ ကြေးမောင်း(၉)ကြိမ်တီးခတ်ပြီး၊ ရိုးရာလင်္ကာဖြင်းရွတ်ဖတ်သီဆို၍ အခမ်း အနားစတင်ဖွင့်လှစ်ပြီးဘူးသီးတောင်မြို့၊ ဂန္ဓရီလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း ဆရာ တော်အရှင်အာဒိစ္စက ခမီရိုးရာ(ဆနီ)ရိုးရာပွဲကျင်းပရခြင်း၏သမိုင်းကို ရှင်းလင်းပြောကြားကာ ခမီတေးသီခြင်းသီဆိုပြီး နေထွက်အက၊ လထွက်အကဖြင့်ကပြဖျော်ဖြေခဲ့သည်။
ထို့နောက် ဘူးသီးတောင်မြို့နယ်၊ ခမီတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းစိန်အောင်က ခမီရိုးရာ(ဆနီ)ပွဲနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားပြီး ရခိုင်ရိုးရာယဉ် ကျေးမှုအက အဖွဲ့၊မြိုတိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့၊ ဒိုင်းနက်(ခေါ်)ဆက္ကမ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့တိုက ကပြဖော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ခမီရိုးရာစစ်ရေးပြအက၊ ဝါးညှပ်အကဖြင့် ကပြဖျော်ဖြေခဲ့ကာ ဂုဏ်ပြုမှတ် တမ်းလွှာများပေးအပ်ခဲ့ကြပြီး ပွဲတော်သို့တက်ရောက်လာသည့် မျိုးနွယ်စုအကအဖွဲ့များက စည်း လုံးကြစိုးတေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြ ကြောင်းသိရသည်။
ဆနီပွဲတော်မှာ ခမီတိုင်းရင်းသားတို့၏ဘိုး၊ဘွားလက်ထက်ကတည်းက ကျင်းပ လာခဲ့ကြတဲ့ပွဲတစ်ခုဖြစ်ပြီး နေနဲ့လ ကို ပူဇော်သပတဲ့ ပွဲတော်တစ်ခုဖြစ်ဖြစ်ကြောင်း နေ ထွက်လာချိန်မှာ" နေ" ထွက်အက၊ လ ထွက်လာချိန်တွင် "လ"ထွက်အကတို့နဲ့ ကပြရတဲ့ ရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်ကြောင်း၊ဆနီပွဲတော်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး နောက်ပိုင်းမှာ မြောက်ဦးမြို့နယ် လောင်ရီချောင်းကျေးရွာမှာ တစ်နှစ်ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၈ ခုနှစ်က စလို့ ဘူးသီးတောင်မြို့မှာ ပြန်လည်ကျင်းပလာတာဖြစ်ပြီး
ခမီတိုင်းရင်းသားတွေဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုထဲက တိုင်းရင်းသားမျိုးနွယ်စုတစ်မျိုးဖြစ်ပြီး စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ လူဦးရေတစ်သိန်းခန့် နေထိုင်ကြကြောင်း နှင့်ခမီတိုင်းရင်းသားမျိုးနွယ်စုတွေဟာ တောင်ယာနဲ့ ကိုင်း၊ ကျွန်းအလုပ်ကို အဓိကလုပ်ကိုင်ကြပါတယ်ဟုပွဲကျင်းပရေးကော်မတီ ဦးသိန်းမောင်ထံမှသိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment