ဒေးဒရဲ၊ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးရေးတောင်သူများအား ဆောင်းရာသီ သီးနှံစိုက် ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ (၂၂) ရက်နေ့ကစတင်ပြီး တစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိရာယမန်နေ့အထိ ကျေးရွာအုပ်စု (၉)စုက တောင်သူ (၁၆၆) ဦး၏ လယ်မြေဧက (၁၃၃၀) ဧကအတွက် ငွေကျပ် (၁၉၉၅)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိသောတောင်သူများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရသည်။
သတင်း - အေဇာလင်း(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment