နေပြည်တော်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဒီဇင်ဘာ လ ၈ ရက်၊ မွန်းလွဲ (၁) နာရီက ကွတ်ခိုင်မြို့နယ် နယ်မြေခံတပ်ရင်း သူရအေးချို ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ) ကွတ်ခိုင်မှ စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွတ်ခိုင်မြို့နယ်ဦးစီးမှူးနှင့် တပ်မတော်သားများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ထို့နောက် စစ်ဗျူဟာ(အခြေချ) ကွပ်ကဲမှုအောက်ရှိ တပ်မတော်သားများနှင့် မိသား စုဝင်များအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်း နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများက ပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားတွင် ကွပ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စစ်ဗျူဟာ (အခြေချ) ကွပ်ကဲမှုအောက်ရှိ ရုံး၊ ဌာနအသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များ က ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၂၅) စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၈၅) ကတ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment