၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Video Message ပေးပို့၍ မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၉

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး၌  ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကVideo Message  ပေးပို့၍ မိန့်ခွန်းပြောကြားသည်။


အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်း ရေးမှူး၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုတရားသူကြီး ချုပ်ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက Video Conferencing  ဖြင့်  တက်ရောက်ကြသည်။


အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း Video Message ကိုဖွင့်လှစ်ပြသသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်း အပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)


ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ် မှန်ကန်ရေးအတွက် အဂတိကင်းစင်သည့်၊ ဘက်လိုက်မှုကင်းသည့် ၊ဖြောင့် မတ်တည်ကြည်သည့်၊ သမာသမတ်ကျသည့် တရားစီရင်ရေးကို ဖော်ဆောင်ခြင်း၊ တရားရုံး ဝန်ဆောင်မှုများ၊ တရားမျှတမှု လက်လှမ်းမီနိုင်မှုများ၊ တာဝန်ခံယူနိုင်မှုများ မြင့်မားအောင် ဆောင်ရွက်ခြင်းတို့ဖြင့် တရားစီရင်ရေး အပေါ် ယုံကြည်ကိုးစားလာမှု တိုးတက်မြင့်မားစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တရားစီရင်ရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် တရားသူ ကြီးများအနေဖြင့် မိမိတို့၏ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး အဂတိ တရားကင်းစင်စွာဖြင့် တရားစီရင်ရေး တာဝန်များကို ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်သူများဖြစ်သည့် တရားစွဲ အဖွဲ့အစည်းများ၊ ဥပဒေအရာရှိ များ၊ ရှေ့နေရှေ့ရပ်များ၊ အမှုသည်များအပါအဝင် သတင်း မီဒီယာများနှင့် ပြည်သူများ ကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းလိုက်နာပြီး အဂတိတရား ကင်းစင်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ကြခြင်းဖြင့် မျှတသည့် တရားစီရင်ရေးနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးတို့ကို အတူဖော်ဆောင်ကြစေလိုကြောင်း Video Conferencing ဖြင့် ပြောကြားသည်။


ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို  ရှင်းလင်းပြော ကြားသည်။


ယင်းနောက် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)