ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေး


ပန်းတနော်၊ ဒီဇင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) အဖြစ် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၆  ရက် နံနက်ပိုင်းက စတင်၍ ဒေါဝါးကျေးရွာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့်  ဒေါဝါးကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်မိုးကျော်နှင့်အဖွဲ့ဝင်များ၊ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ပညာရေးဌာနမှ ဆရာ/မများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အသက် ၁၈ နှစ်အထက် ပြည်သူ (၃၂၅) ဦးတို့အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) စတင် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် ကျေးရွာများရှိ ပြည်သူများကို သက်ဆိုင်ရာ ကျန်းမာရေးဌာနအပိုင်အလိုက် ဆက်လက်ထိုးနှံ ပေးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ပြည်သူများအနေဖြင့် မဖြစ်မနေ ကာကွယ်ဆေးလာရောက် ထိုးနှံကြရန် လိုက်လံအသိပေးနှိုးဆော်ထားကြောင်း ဒေါဝါးကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)