ဒုတိယဝန်ကြီး ဦးမင်းထိန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများနှင့် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမင်းထိန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများနှင့် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော်၊ ဒီဇင်ဘာ ၄

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဒီဇင်ဘာ (၁) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် တို့မှ တာဝန်ရှိသူတို့ကလည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက  ပြည်သူ့အငှားအိမ်ရာ စီမံကိန်း လုပ်ငန်းများ အရှိန်အဟုန်အပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်ကဏ္ဍများ ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း ပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးကို အလေးထား ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရာတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ (၃) ရက် နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး မြို့ပြ၊ ရေသန့်၊ လျှပ်စစ် လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း ပြီးစီးရေးတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ရန်၊ သဘာဝဘေးဒဏ်ခံနိုင်ရေး ဆောင်ရွက်ရန်၊ As-Built Drawings များ စနစ်တကျ သက်ဆိုင်ဌာနများသို့ လွှဲပြောင်းပေးရန် နှင့်လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး လိုက်နာဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး အကြီးစား ပြင်ဆင်ခြင်းနှင့် သာသနိက အဆောက်အဦများ အကြီးစားအဆင့်မြှင့်တင်မွမ်းမံခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ မှန်ကန်စွာ ဆောင်ရွက်သွားရန်၊ သမိုင်းဝင် အထင်ကရ အဆောက်အအုံများ ပြင်ဆင်ရာတွင် ယဉ်ကျေးမှု ဗိသုကာများနှင့်အညီ ဆောင်ရွက်သွားရန်၊ အဆောက်အအုံများ ပြင်ဆင်ရာတွင် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများ၏ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ပြုစုထိန်းသိမ်းထားရန် မှာကြားကာ လုပ်ငန်းခွင်သို့ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)