မြန်မာပြည်တည်ငြိမ်အေးချမ်းမှုကို လိုလားကြတဲ့ ပရိတ်သတ်ကြီး မင်္ဂလာပါ။ ဆူပူအကြမ်းဖက် လုပ်ရပ်တွေကို ဝမ်းသာအားရ ကြိုဆိုထောက်ခံနေကြတဲ့ NLD ထောက်ခံသူ အကြမ်းဖက်အားပေး နီပိန်း နီပိတ်များကိုတော့ နေ့စဉ် မင်္ဂလာမရှိတဲ့ အလုပ်တွေပဲ လုပ်နေကြလို့ အမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရတော့မှာပဲဗျာ။
မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေတယ်။ ဆူပူအကြမ်းဖက် နေကြတယ်။ ဘယ်သူတွေ လုပ်လို့ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေတာလဲ။ ဘယ်သူတွေက ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေကြတာလဲ။ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးလုပ်စားသူများနဲ့ ၈၈ပွင့်လင်းအမည်ခံ နိုင်ငံရေးလုပ်စားသူ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ သားတပည့်တွေက ဆူပူအကြမ်းဖက် လှုံ့ဆော်ပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်အောင် ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေဆီက ရတဲ့ ငွေကြေးအထောက်အပံ့နဲ့ တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေလို့ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတွေက နေ့စဉ်နဲ့ ပူးဆွေးသောက ရောက်နေကြရတဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ ဝဋ်ဒုက္ခကလည်း မသေးလှပါဘူး။
တပ်မတော်အာဏာစထိန်းတဲ့ ဖေဖော်ဝါရီလ (၂)ရက်နေ့က စလို့ NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုနှုန်းကို တွက်ဆကြည့်ရင် ပျမ်းမျှတစ်ရက်လျှင် ၄ယောက် သို့မဟုတ် ၅ယောက် နှုန်းနဲ့ လုပ်ကြံသတ်ဖြတ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေ ဝမ်းသာအားရ ပျော်ရွှင်နေကြတဲ့ သူတွေလည်း ရှိတယ်ဗျ။ ဆရာတော်သံဃာတော်တွေ အသတ်ခံရတာ၊ တခြားသော ပါတီအဖွဲ့အစည်းဝင်တွေ အသတ်ခံရတာ၊ ဆရာ/ ဆရာမတွေ အသတ်ခံရတာ၊ သူတစ်ပါး မိသားစုတွေ အတိဒုက္ခရောက်တာကို ပျော်နေတဲ့သူတွေကတော့ နီပိန်း၊ နီပိတ် အကြမ်းဖက်အားပေးတွေပဲ ဖြစ်ပါတယ်။ အခြားသော သူတွေမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းစေဖို့၊ အများပြည် အကြမ်းဖက် ဘေးအန္တရာယ်က ကင်းဝေးစေဖို့ သရဏဂုံ ရွတ်တာမျိုး၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြတာမျိုး ရှိကောင်း ရှိလိမ့်မယ်။ နီပိန်း၊ နီပိတ်တွေကတော့ မအလ ဆိုတာကို နှုတ်ဖျားက မချ ပွားများနေပြီး အကြမ်းဖက်လိုစိတ်တွေ၊ သူတပါးမိသားစုဘဝတွေကို ဖျက်ဆီးလိုစိတ်တွေ တဖွားဖွား ပေါ်နေကြလေရော့သလားပေါ့ဗျာ။
NLD, PDF အကြမ်းဖက် လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက် အားပေးတွေအကြောင်း ပြောစရာတွေကလည်း မကုန်နိုင်ဘူးဆိုတော့ ပေရှည်သွားပြန်ပါပြီ။ ပြောချင်တာက NLD ထောက်ခံသူတွေကို နီပိန်း၊ နီပိတ်ဖြစ်အောင် မှိုင်းတိုက်နေတဲ့ မီဒီယာအမည်ခံ တိုင်းတပါး လက်ပါးစေ၊ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းပြီး တိုင်းတပါး အဖွဲ့အစည်းတွေဆီက သူတောင်းစားလုပ်ပြီး ရပ်တည်နေကြတဲ့ အကြမ်းဖက်လှုံ့ဆော်သူတွေအကြောင်းပါဗျာ။
မန္တလေးမြို့ပေါ်မှာ သူနာပြုဆရာမနဲ့ ခင်ပွန်းကို NLD, PDF အကြမ်းဖက်သမားတွေက အမေရိကန်နိုင်ငံထုတ် သေနတ်နဲ့ လမ်းမပေါ်မှာ လုပ်ကြံသတ်ဖြတ်သွားခဲ့တယ်။ အကြမ်းဖက်လှုံ့ဆော် မီဒီယာအမည်ခံ လက်ပါးစေ သတင်းဌာန Khit Thit Media က ကိုဝန်ဆောင်သည် သူနာပြုနဲ့ ခင်ပွန်းဖြစ်သူကို စစ်တပ်က ပစ်သတ် လို့ ခေါင်းစဉ်တပ်ပြီး ဖော်ပြသတဲ့ဗျာ။
သတင်းဌာနဆိုတာ ဘာလဲ၊ တာဝန်ခံမှု တာဝန်ယူမှုဆိုတာဘာလဲ။ သတင်းမီဒီယာကျင့်ဝတ်ဆိုတာ ဘာလဲ။ သူတို့တွေ ပဲ တဖွဖွပြောခဲ့တဲ့ စကားလုံးတွေပါ။ ကိုယ်ဝန်ဆောင်သည် သူနာပြုဆရာမနဲ့ ခင်ပွန်းဖြစ်သူကို သတ်တာ စစ်တပ်က မဟုတ်ဘူးဗျ။ ခင်ဗျားတို့ ယုံကြည်ထောက်ခံတဲ့ NLDက ဖွဲ့စည်းထားတဲ့ PDF က သတ်တာ။ PDF က သတ်တာ ဖြစ်တဲ့အတွက် ခင်ဗျားတို့ NLD က သတ်တာလို့ ပြောလို့ရတယ်။
အသတ်ခံရတဲ့ သူနာပြုဆရာမကို နီပိန်း၊ နီပိတ်တွေက CDM မှာ ပါဝင်ဖို့ အကြပ်ကိုင်ခဲ့ကြဖူးတယ်။ ဆရာမက မပါဝင်ခဲ့ဘူး။ ဆရာမရဲ့ မင်္ဂလာဆောင်တုန်းကလည်း နီပိန်း၊ နီပိတ် အကြမ်းဖက်ဝါဒီတွေက လက်ဖွဲ့ပုံးထဲ ဗုံးထည့်ပေးလိုက်လို့ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရသေးတယ်။ ဘယ်လိုမှ သတ်မရတဲ့အဆုံး နောက်ကနေလိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။
Khit Thit Media က လုပ်ကြံသတ်ဖြတ်မှု ပြီးတယ်ဆိုတာနဲ့ စစ်တပ်က ပစ်တပ်လို့ မဟုတ်မမှန် သတင်းကို ချက်ချင်းလွှင့်တင်တယ်။ ညနေပိုင်း NLD, PDF အကြမ်းဖက်သမားကို ဖမ်းဆီးရမိပြီး ထွက်ဆိုချက်ပေးတော့ သူနာပြုဆရာနဲ့ ခင်ပွန်းကိုသာ မဟုတ်ဘူး။ အခြားသော အုပ်ချုပ်ရေးမှူးတွေကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့ကြသေးပါသတဲ့ဗျာ။
နီပိန်း၊ နီပိတ်တွေနဲ့ အရှက်သိက္ခာကင်းမဲ့လွန်းတဲ့ မီဒီယာတွေကတော့ ဟန်ကျလို့ပေါ့ဗျာ။ သတင်းဌာန အမည်ခံပြီး မှိုင်းတိုက်နေတဲ့ လက်ပါးစေ သူတောင်းစားတွေကို အရှက်သိက္ခာဆိုတာ ရှိကြသေးရဲ့လားလို့ မေးရမယ့်သူအနေနဲ့တောင် ရှက်နေမိတယ်။
Khit Thit Media အမည်ခံထားတဲ့ အကြမ်းဖက်လှုံ့ဆော် တိုင်းတပါးလက်ပါးစေ သတင်းဌာနက အဲဒီလို ရေးတာမဟုတ်ဘူး။ လက်ပါးစေ မီဒီယာအုပ်စု တစ်စုလုံးက အဲဒီလို မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး အများပြည်သူကို မှိုင်းတိုက်တဲ့ သတင်းတွေ နေ့စဉ် ရေးသားဖော်ပြနေကြတာပါ။
တိုင်းတပါး လက်ပါးစေ ပြည်ဖျက်မီဒီယာအုပ်စုမှာ ဘယ်သူတွေ ပါသလဲ။ အားလုံး သိကြပြီးဖြစ်သော်လည်း မသိသေးသူတွေ မှတ်ထားလို့ ရအောင် ပြောပေးလိုက်ပါအုံးမယ်ဗျာ။ တရားမဝင် သတင်းဌာနတွေဖြစ်တဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now က တစ်အုပ်စု။ သူတို့နဲ့ အလားတူစွာ အမေရိကန် အခြေစိုက် VOA, RFA နဲ့ ဗြိတိန်အခြေစိုက် BBC တို့ကလည်း NLD, CRPH, NUG, PDF တွေနဲ့ တသားတည်းရပ်တည်ပြီး NLD, PDF အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်ဆိုရင် ဘယ်သူ သတ်လို့ သတ်သွားမှန်း မသိစေရဘူး။ ဒလန်မို့လို့ သတ်လိုက်တယ်တဲ့ဗျာ။ သေဆုံးသွားတဲ့ သူကပဲ ကိုယ့်နားထင် ကိုယ်တေ့ပြီး ပစ်သတ်သလိုလို၊ ပြုလုပ်ခံရသူ (သေဆုံးသူ)ကိုသာ ဖော်ပြပြီး ပြုလုပ်သူ NLD, PDF အကြမ်းဖက်သမား လက်ချက်ဆိုတာကိုတော့ မသိစေရဘူးပေါ့ဗျာ။
ရေးလည်း ရေးတတ်ကြပါပေ့။ လိမ်လည်း လိမ်နိုင်ကြပါပေ့။ သောက်ရှက်မရှိတဲ့ သတင်းဌာနအမည်ခံ တိုင်းတပါး လက်ပါးစေတွေလို့ သူတို့ကို ပြောရမှာကိုပင် ရှက်မိပါတယ်။ အရှက်သိက္ခာမဲ့ ကျင့်ဝတ်သိက္ခာ မရှိတဲ့ ရပ်တည်ချက်တွေနဲ့ မှိုင်းတိုက်နေတာတွေကို နီပိန်း၊ နီပိတ်တွေကလည်း အားပေးကြသကိုး။ NLD, PDF က သတ်လိုက်လို့ တခြားပါတီဝင်တွေ၊ သံဃာတော်တွေ၊ ဆရာ/ ဆရာမတွေ သေသွားရင် ဝမ်းသာနေကြတာ မြင်မကောင်းပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ NLD, PDF တွေကို ဖမ်းဆီးပြီဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ဗျာ။ အပြစ်မဲ့ ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် လုပ်နေပါပြီတဲ့ဗျို့။
သိပ်ကို ညီညွတ်ကြတဲ့ အကြမ်းဖက်လှုံ့ဆော်သူတွေ၊ အရမ်းကို ညီညွတ်ကြတဲ့ အကြမ်းဖက်လှုံ့ဆော် မီဒီယာတွေ၊ အရမ်းကို ညီညွတ်ကြတဲ့ အကြမ်းဖက်အားပေး နီပိန်း၊ နီပိတ်တွေ။
သူတို့က ပြောတော့ စစ်တပ်က အာဏာရူးတဲ့ဗျာ။ အခုလို သူတို့တွေ လုပ်ကြံသတ်ဖြတ်နေတာတွေကရော ဘာအတွက်လဲလို့ မေးရမလိုဖြစ်နေပြီဗျ။ အာဏာရလိုမှုနဲ့ အပြစ်မဲ့ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ် ခိုင်းနေကြတာ မဟုတ်ဘူးလား။ အာဏာရလိုမှုအတွက် မဟုတ်ရင် ဗမာတွေ သေချင်းဆိုးနဲ့ သေကြဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းတပါးက ပေးတဲ့ ငွေကြေး၊ လက်နက်တွေကို အသုံးချပြီး မိမိတို့ကို ယုံကြည်ထောက်ခံတဲ့သူကို အကြမ်းဖက်သမားအဖြစ် အသုံးချ၊ မယုံကြည် မထောက်ခံတဲ့သူကို လိုက်သတ်ခိုင်းပြီး ဗမာလူမျိုး ပြုန်းတီးရေးကို တိုင်းတပါးသား၊ ဘာသာခြားတွေ အလိုကျ လုပ်ဆောင်ပေးနေကြတာလားလို့။ နီပိန်းမဟုတ်တဲ့ ပြည်သူတွေကတော့ သဘောမှန်ကို ရှင်းရှင်းလင်းလင်း သိကြတာပေါ့ဗျာ။ နီပိန်း နီပိတ်တွေမှာတော့ NLDပါတီနဲ့ ၈၈ ပွင့်လင်း က နိုင်ငံရေးလုပ်စားသူတွေ တိုက်တဲ့မှိုင်း၊ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now ဆိုတဲ့ တရားမဝင် သတင်းဌာနတွေနဲ့ အမေရိကန်အခြေစိုက် VOA, RFA အပြင် ဗြိတိန်အခြေစိုက် BBC သတင်းဌာနတွေရဲ့ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေနေတဲ့ သတင်းမှိုင်းတွေကို အားရပါးရ ရှူရှိုက်ပြီး အစွန်းရောက် အကြမ်းဖက်လိုစိတ်တွေ တဖွားဖွားပေါ်ပေါက်နေကြလေရော့သလား မပြောတတ်ပေါင်ဗျာ။
ရာဇဝတ်ဘေးကို လွတ်အောင် ပြေးလို့ ရရင် ရလိမ့်မယ်။ ကံတူ အကျိုးပေး ဆိုတဲ့ လောက နိယာမကိုတော့ ရှောင်ကွင်းလို့ မလွတ်မြောက်နိုင်ပါဘူး။ နိုင်ငံရေးလုပ်စားသူတွေနဲ့ သတင်းဌာနအမည်ခံပြီး ကိုယ်ကျိုးရှာနေသူတွေရဲ့ မှိုင်းတိုက်မှုတွေကို အထင်ကြီးလေးစားပြီး စဉ်းစားဆင်ခြင် ဝေဖန်သုံးသပ်ခြင်းမရှိ မိုက်ရူးရဲဆန်ဆန် မိုက်လုံးထွားနေကြတဲ့ PDF တွေ ခင်ဗျားတို့ လုပ်ကြံ သတ်ဖြတ်လိုက်တဲ့ သံဃာတော်တွေ၊ အပြစ်မဲ့ ပြည်သူတွေ ကြုံတွေ့ရတဲ့ အဖြစ်ဆိုးမျိုးတွေ ခင်ဗျားတို့ မကြုံတွေ့ပါစေနဲ့လို့ မေတ္တာရှင်အစိုးရရဲ့ ကိုယ်စား မေတ္တာရှင် ဒေါင်းနင်းက ဆုတောင်းမေတ္တာ ပို့သလိုက်ပါသတည်း။
မေတ္တာရှင် ဒေါင်းနင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment