စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်


မအူပင်၊ ဒီဇင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူး၍ မအူပင်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူမှုဝန်ထမ်းဦးစီးဌာန မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးတွင် ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာတစ်ခုနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာနှစ်ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ် Mini ဘက်ဂျက် (၆)လအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ စုစုပေါင်း (၇၃၆၈၀၀ဝိ/) (ခုနှစ်ဆယ့်သုံးသိန်းခြောက်သောင်း ရှစ်ထောင်ကျပ်တိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

သတင်း - အောင်ခိုင်၊အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)