တိုက်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ(၉၄၄) ဉီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ(၉၄၄) ဉီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

 


တိုက်ကြီး၊ ဒီဇင်ဘာ  ၁၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုမှ  ကြိုတင် ကာကွယ် နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အ.ထ.က ( မြို့မ) ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးမှတ်တမ်းရေးသွင်းစေခြင်းတို့ကို ဆောင်ရွက် ပေးပြီး ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက် နာရီဝက်ခန့် စောင့်ကြည့် ခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား QR Code စနစ်ပါဝင်သည့် ကာကွယ် ဆေးထိုးနှံခြင်း မှတ်တမ်းများကို ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်း အဖွဲ့များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ ပါသည်။

တိုက်ကြီးမြို့နယ်တွင် ယနေ့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ (၉၄၄)  ဉီးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံရေး နှင့် ကာကွယ်ဆေး ထိုးနှံသည့် လုပ်ငန်းအောင်မြင်စေရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဉီးဆောင်မှုဖြင့် မြို့နယ် လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)