ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များ အား လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲသို့ တက်ရောက်ဂုဏ်ပြုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များ အား လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲသို့ တက်ရောက်ဂုဏ်ပြုအားပေး




 မြစ်ကြီးနား၊ ဒီဇင်ဘာ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမအသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် မြစ်ကြီးနား တက္ကသိုလ် ဗဟိုခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဆင်း ဆရာ၊ ဆရာမ များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ သင်တန်းဆင်း ဆရာ၊ ဆရာမအသစ်များ အနေဖြင့် နိုင်ငံတော်နှင့် ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝသည့် လူငယ်၊ လူရွယ်များ မွေးထုတ် ပေးရာတွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့၏ ပြည်နယ်အကျိုးအတွက် ဆရာ၊ ဆရာမဂုဏ်ကို မြှင့်တင်ပြီး ကြိုးစားကြစေ လိုကြောင်း တိုက်တွန်းမှာကြားသည်။

 ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက သင်တန်းဆင်း နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများအား ဝန်ထမ်းစည်းကမ်းများနှင့် ကျင့်ကြံနေထိုင်ကြပြီး လုပ်ငန်း ခွင်မှ တစ်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေး ဆုံးမသြဝါဒစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပါမောက္ခချုပ်တို့က တက္ကသိုလ်ဘာသာရပ်အလိုက် သင်တန်း ဆင်းနည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ် (၇၇)ဦးတို့အား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)