သန်လျင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ




ရန်ကုန်၊ ဒီဇင်ဘာ   ၉

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်အေးအေးကြူက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုတို့အား ရှင်းလင်း ပြောကြားပြီး သန်လျင်မြို့နယ်အတွင်းရှိ  ကျေးရွာ ဖွံဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေရရှိသော ကဒတ်ဖျာ ကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ အလယ်ရွာကျေးရွာနှင့် ပျဉ်ထောင်ကျောင်းကျေးရွာတို့အား တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီအား ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက သက်ဆိုင်ရာ ကျေးရွာကော်မတီများ ထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုနောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေရရှိသော သန်လျင်မြို့နယ် ကဒတ်ဖျာကျေးရွာ၊ ညောင်ဝိုင်း ကျေးရွာ၊ အလယ်ရွာကျေးရွာနှင့် ပျဉ်ထောင်ကျောင်းကျေးရွာတို့မှ ကျေးရွာကော်မတီ တာဝန်ရှိသူများက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)