ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ် နှင့် အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုနှံခြင်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ် နှင့် အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုနှံခြင်းပြီးစီး


ပေါက်တော၊ ဒီဇင်ဘာ  ၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်   ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ် သာသနာ့ ဗိမာန်နှင့် မြို့နယ် ထွေ/အုပ်ခန်းမအပါအဝင် ကျေးလက်ကျန်းမာရေးဌာနစုရပ် (၁၂)နေရာတို့တွင်ယမန်နေ့ နံနက်ပိုင်း က ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာစုရပ်များသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လာရောက် ကြည့်ရှုကြသည်။ ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျကာကွယ်ဆေး ထိုးနှံနိုင်စေရန် မြို့နယ်ဌာနဆိုင်ရာ များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာရှင်များကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင်ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ် အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ဆေးထိုးနှံ ပေးပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ရှောင်ရန်၊ ဆောင်ရန်အချက် အလက်များကိုအလေး အနက်ထား ဆောင်ရွက်ကြပြီး၊ မိမိကအစကာကွယ်ကြစေလိုကြောင်း  ကိုဗစ် -၁၉ ရောဂါဖြစ် ပွားနေဆဲကာလအတွင်း စီးပွားရေး၊ လူမှုရေးများ အခက်အခဲရှိခဲ့ကြသော်လည်း စိတ်ဓါတ် မကျကြစေလိုကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ဒီဇင်ဘာလ(၂) ရက်နေ့မှ ဒီဇင်ဘာလ (၆)ရက်နေ့အထိ ဆေးထိုးနှံလာကြသူစုစုပေါင်း (၂ဝ၇၇၅)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ကျော်သန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)