သထုံမြို့နယ်တွင် ရထားသံလမ်းအား NLD , PDF အစွန်းရောက်အကြမ်းဖက်အဖွဲ့မှ ဗုံးခွဲဖျက်စီးမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် ရထားသံလမ်းအား NLD , PDF အစွန်းရောက်အကြမ်းဖက်အဖွဲ့မှ ဗုံးခွဲဖျက်စီးမှုဖြစ်ပွား





သထုံ၊ ဒီဇင်ဘာ   ၈

မွန်ပြည်နယ်သထုံမြို့နယ်တွင် ရထားသံလမ်းအား အကြမ်းဖက်အဖွဲ့မှ ဗုံးခွဲဖျက်စီးမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံကသိရသည်။

သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ရထားသံလမ်းတွင် ဗုံးတစ်လုံး ပေါက်ကွဲကြောင်း ဒေသခံများမှသတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးအဖွဲ့များမှ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ၊တံတားအမှတ် “၈၈”ပေါ်၌  မော်လမြိုင်-ရန်ကုန် ဆက်သွယ်ထားသော ရထားလမ်းပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၁ ပေ ခွဲခန့် ရထားသံဘောင်ပြတ်တောက်သွားခဲ့(ဆုံးရှုးမှုတန်ဖိုး-၅၀၀၀၀ ကျပ်ခန့်)ကာ အနီး၌ မီးလောင်းကျွမ်းနေသော ၉ ဗို့ လေးထောင့် ဓါတ်ခဲ(၂)လုံးနှင့် မပေါက်ကွဲသေးသည့် လက်လုပ် ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိ၍ မိုင်းရှင်းလင်းရေးအဖွဲ့မှ သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။

ပျက်စီးသွားသော ရထားလမ်းအား သထုံမြို့ပြအင်ဂျင်နီယာဌာနမှ ဦးစီးအဖွဲ့မှ ပြုပြင်ဆောင်ရွက်လျှက်ရှိပြီး ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲသူများ NLD , PDF အစွန်းရောက်အကြမ်းသမားများအား အမြန်ဆုံးဖမ်းမိနိုင်ရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)