မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို လျာထားလူဦးရေ၏ (၅၀%) ကျော် ထိုးနှံပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို လျာထားလူဦးရေ၏ (၅၀%) ကျော် ထိုးနှံပြီးစီး



မလှိုင်၊ ဒီဇင်ဘာ   ၁၂

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ  မြို့နယ်တွင်းရှိ လျာထားလူဦးရေ၏ (၅၀%) ကျော်ကို  ကာကွယ်ဆေးများ ထိုးနှံ ပြီးစီးခဲ့ကြောင်းသိရသည်။

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်သူ အသက်(၁၈)နှစ်အထက် ပြည်သူ(၁၂၇၂၈၆)ဦး၊ အသက်(၁၂)နှစ်ပြည့်ပြီးကျောင်းသား၊ ကျောင်းသူ(၆၇၉၀)ဦး၊ စုစုပေါင်း(၁၃၄၀၇၆)ဦးလျာထားခဲ့ရာ (၁၁.၁၂.၂၀၂၁)ရက်နေ့ စာရင်းအရ Covid Shield ဆေးထိုးနှံသူ (၄၀၄၉)ဦး ၊ Sinopharm ဆေး ပထမအသုတ် (၆၈၃၆) ဦး ၊ ဒုတိယ အသုတ် (၁၉၄၅၅)ဦး၊ တတိယအသုတ်(၁၄၉၈၅)ဦး၊ စတုတ္ထအသုတ်(၁၀၆၂၃)ဦး၊ ပဉ္စမအသုတ်(၁၂၀၂၀)ဦး၊ စုစုပေါင်း (၆၇၉၆၈)ဦး တို့အား ပထမအကြိမ်အဖြစ် (၅၀%)ကျော် ကာကွယ်ဆေးများထိုးနှံနိုင်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် (၃၁.၇.၂၀၂၁)ရက်နေ့မှ စတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အဖွဲ့များ ပါဝင်သော  ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့်  နေ့စဉ် နံနက်(၉)နာရီမှ (၁၂)နာရီအထိ  ရပ်ကွက်/ကျေးရွာအုပ်စု ကို လိုက်လံ ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား အရှိန်အဟုန်ဖြင့် ဆက်လက်ထိုးနှံသွား မည်ဖြစ်ပြီး အိုမီခရွန်(Omicron)မျိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ပြည်သူအများသိရှိအောင်  ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေးဆိုင်းဘုတ်များ ကပ်ထားကြေညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ 

သတင်း - အောင်ဌေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)