ကြောက်သပိတ် ဆင်နွှဲသူများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြောက်သပိတ် ဆင်နွှဲသူများ



မြန်မာပြည်တည် ငြိမ်အေးချမ်းရေးကို လိုလားတောင်းတနေကြတဲ့ ပရိတ်သတ်ကြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျာ။ 

ခင်ဗျားတို့ကသာ ငြိမ်းချမ်းရေးကို ရှေးရှုပြီး NLD, PDF အကြမ်းဖက်သမားတွေ အမြန်ဆုံးနှိမ်နင်းပါလို့ တဖွဖွ ပြောဆိုနေကြပေမယ့် နစက ဥက္ကဋ္ဌကြီးကလည်း သဘောဘယ်လောက်ကောင်းသလဲဆိုတာ ပြသတဲ့အချိန်ကာလက မပြီးဆုံးနိုင်သေးတော့ ခင်ဗျားတို့ ဆန္ဒတွေ ပြည့်ဝမှာ မဟုတ်သေးပါဘူး။ ကျုပ်လည်း နည်းနည်းတော့ အံ့သြမိတယ်ဗျ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုတဲ့ (နစက) အဖွဲ့ကြီးက NLD အကြမ်းဖက်ပါတီက ဖွဲ့စည်းထားတဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် မိစ္ဆာဝါဒီတွေကိုကြတော့ သနားကရုဏာထားပြီး NLD, PDF အကြမ်းဖက်သမားတွေက သတ်လို့ သေနေရတဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ်မှာ ဘာကြောင့် စာနာထောက်ထားခြင်းမရှိသလဲ။ ကျွန်တော်လည်း မစဉ်းစားတတ်အောင်ပါပဲ။ စဉ်းစားမိတဲ့ မိတ်ဆွေတွေရှိရင်လည်း ပြောပြကြပါအုံးဗျာ။

စကားမစပ် ပြောချင်စရာလေးတွေ တွေ့လာလို့ ပြောပြပါရစေအုံး ပရိတ်သတ်ကြီးရေ။ ဒီဇင်ဘာ ၁၀ ရက်နေ့ကပေါ့။ NLD အကြမ်းဖက်ပါတီက ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက အသံတိတ်သပိတ် (Silent Strike) လုပ်တယ်ဆိုလားပဲဗျာ။ အဲဒီ နေ့ညက အကြမ်းဖက်ခေါင်းဆောင် ဝင်းမြတ်အေး၊ ဇော်ဝေစိုးတို့ရဲ့ ဗွီဒီယိုရုပ်သံတွေ တက်လာတယ်။ 

လက်ခုပ် လက်ဝါးတီးလို့ Silent Strike မှာ ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို ကျေးဇူးတင်ပါတယ်ဆိုပဲ။

အံ့သြလွန်းလို့ပါဗျာ။ သူတို့ခေါင်းစဉ်တပ်ထားတဲ့ အသံတိတ်သပိတ်ဆိုတာက သူတို့ကို ငွေကြေးထောက်ပံ့ပေးနေတဲ့ OIC နိုင်ငံတွေရဲ့ ဘာသာရေးအထိမ်းအမှတ်နေ့အဖြစ် အသံတိတ်လုပ်ပေးတာလား၊ အကြမ်းဖက်သမား ဂျင်မီ နဲ့ မောင်ကျော်(ခ) ဖြိုးဇေယျာသော်ကို ဖမ်းဆီးလိုက်ကတည်းက ဘာလုပ်လို့ လုပ်ရမလဲ ကြံရာမရဖြစ်ပြီး အသံတိတ် (ကြောက်သပိတ်) ဆင်နွှဲတာလား။

ပြည်သူတွေဆီက ကြားရတဲ့ အသံတွေကတော့ သူတို့ကို ယုံကြည်ထောက်ခံလို့ အသံတိတ်သပိတ်မှာ ပါဝင်သူထက် သူတို့ အကြမ်းဖက် လုပ်ကြံသတ်ဖြတ် ဖောက်ခွဲတိုက်မှာကို ကြောက်လို့ အသံတိတ်နေရတဲ့ ပြည်သူက ခပ်များများဗျာ။ သူတို့တွေက မုဆိုးမကျိန်စာတိုက် အိုးခေါက်ခွက်ခေါက် သပိတ်ကနေစပြီး တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ သပိတ်တွေ ဆင်နွှဲကြတယ်လေဗျာ။ သူတို့သပိတ်ဆင်နွှဲသလို ပူးပေါင်းပါဝင်ခြင်း မရှိတဲ့ ပြည်သူတွေကို သူလျှို ဒလန် ဆိုပြီး လုပ်ကြံသတ်ဖြတ်နေတဲ့ အရေအတွက်ကလည်း နည်းမှ မနည်းတော့ဘဲ။

တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူုများခင်ဗျာ - ခင်ဗျားတို့ ယုံကြည်အားကိုတဲ့ ဘုရားဒကာကြီးကလည်း အကြမ်းဖက်သမားတွေအပေါ် အလွန်သဘောကောင်းပြီး မေတ္တာကြီးလွန်းတာတော့ အမှန်ပဲဗျ။ NLD ကနေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အပါအဝင် အမည်မျိုးစုံနဲ့ အကြမ်းဖက်အဖွဲ့တွေကလည်း သူတို့နောက်မှာ ငွေကြေး၊ လက်နက် ထောက်ပံ့ပေးမယ့် အမေရိကန် အပါအဝင် အကြမ်းဖက်အားပေးနိုင်ငံတွေက ရှိနေတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော သူတို့ကို ယုံကြည်ထောက်ခံတဲ့ သူတွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး သူတို့ကို မထောက်ခံတဲ့ ပြည်သူတွေကို ဘယ်သူဘယ်ဝါ မခွဲခြားဘဲ လုပ်ကြံသတ်ဖြတ်မှုတွေ နေ့ည မပြတ် လုပ်ဆောင်နေလေ့ရဲ့ဗျာ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတောင် လစ်ရင် လစ်သလို တွယ်နေတဲ့ NLD, PDF အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ပေါ့မတွက်ကြနဲ့ဗျ။ ဒီမိုကရေစီအမည်ခံပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်လို့ သေဆုံးခဲ့ရတဲ့ ရဟန်းပြည်သူပေါင်းကလည်း ၁၅၀၀ကျော်ဖြစ်လာပြီ။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ ဒီလောက်အထိ သေဆုံးနေရတာကို စာနာနားလည်ခြင်း မရှိဘဲ အကြမ်းဖက်သမားတွေကိုမှ ငဲ့ညှာတတ်တဲ့ ခင်ဗျားတို့ ယုံကြည်ကိုးစားတဲ့ နေပြည်တော် ရွှေမြို့တော်ကြီးက မေတ္တာရှင်ကြီးရဲ့ ဗျူဟာမမြောက် ခရီးမပေါက်တဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗျူဟာတွေ ပြောင်းပါတော့လို့ ပြောကြပါလားဗျာ။

NLDဘက်ကတော့ အနောက်က ပံ့ပိုးပေးမယ့် အမေရိကန်လို၊ EU လို၊ OIC လို နိုင်ငံတွေ အဖွဲ့အစည်းတွေ ရှိပြီး နေ့စဉ် လုပ်ကြံသြတ်ဖတ်မှုတွေ လုပ်နေသမျှ ငွေတောင်းစားလို့ ရနေတော့ တစ်ပို့တည်းသမား နိုင်ငံရေးနွားတွေက ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ဒီမိုကရေစီအရေးတော်ပုံလို့ ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ ရဟန်းရှင်ပြည်သူတွေကို သတ်နေကြအုံးမှာပဲဗျ။ သူတို့က ဒီအလုပ်ကြီးကို ရပ်လိုက်တာနဲ့ ရပေါက်ရလမ်းတွေ ပိတ်သွားမှာ ဖြစ်တဲ့အတွက် NLD အကြမ်းဖက်သမားတွေဘက်ကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူး။

တစ်ဖက်က အကြမ်းဖက်အန္တရာယ်တွေကို နှိမ်နင်းပြီး ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမယ့် ပုဂ္ဂိုလ်ကြီးများဘက်ကလည်း NLD အကြမ်းဖက်သမားကိုမှ ပြည်သူလို့ ထင်ပြီး NLD အကြမ်းဖက်သမားသတ်လို့ သေဆုံးနေရတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ရှိတယ်လို့မှ ထင်သေးရဲ့လားလို့။

ကျုပ်တော့ဖြင့် ခင်ဗျားတို့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းကြီးကို ကြည့်ပြီး တစ်ဖက်က နိုင်ငံရေးလုပ်စားတဲ့ အကြမ်းဖက်ဝါဒီတွေ၊ တစ်ဖက်က အကြမ်းဖက်သမားကိုမှ ပြည်သူလို့ထင်နေတဲ့ မေတ္တာရှင်ကြီးတွေ ဖြစ်နေတော့ နေ့စဉ် NLD, PDF အကြမ်းဖက်သမားသတ်လို့ သေဆုံးရတဲ့ ရဟန်းရှင်လူ ပြည်သူတွေရဲ့ အဖြစ်ကိုကြည့်ပြီး ရင်နာလို့ မဆုံး ဖြစ်ရပါရဲ့ဗျာ။


မေတ္တာရှင် ဒေါင်းနင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)