ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (Yellow Mosaic Virus) ကြိုတင်ကာကွယ်ရန် (IPM) နည်းဖြင့် ဆောင်ရွက်နေမှုနှင့် သရုပ်ပြ ဆေးဖျန်းမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (Yellow Mosaic Virus) ကြိုတင်ကာကွယ်ရန် (IPM) နည်းဖြင့် ဆောင်ရွက်နေမှုနှင့် သရုပ်ပြ ဆေးဖျန်းမှုအား ကြည့်ရှုစစ်ဆေး


အင်္ဂပူ၊ ဒီဇင်ဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၃ နာရီ ၂၀ မိနစ် အချိန်က အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု မကျီးကုန်းကျေးရွာရှိ တောင်သူဦးဝင်းမောင် ပိုင်ဆိုင်သည့် ကွင်းအမှတ်(၇၅၈/က)၊ ဦးပိုင်အမှတ် ၂၉၇ တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံ မတ်ပဲစိုက်ပျိူးခင်းတွင် အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (Yellow Mosaic  Virus) ကြိုတင်ကာကွယ်ရန် (IPM)နည်းဖြင့် ဆောင်ရွက်နေမှုနှင့် သရုပ်ပြဆေးဖျန်းနေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး  ဦးစိန်မောင်မြင့်မှ မတ်ပဲပင်များအား (IPM)နည်းဖြင့် ကာကွယ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ မြေသြဇာသုံးစွဲရာတွင် အဆင်ပြေမှုရှိ/ မရှိမေးမြန်းရာတောင်သူ ဦးဝင်းမောင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေး မှူး ဦးဝေဇင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

သတင်း - မန်းကျော်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)