တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင်ရတိုင်းတွင် အသုံးပြုရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနှင့် ကာကွယ် ကုသရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင်ရတိုင်းတွင် အသုံးပြုရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနှင့် ကာကွယ် ကုသရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်း




ဟိုပန်၊ ဒီဇင်ဘာ  ၁

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးနှင့် ကုသရေး လုပ်ငန်းသုံးပစ္စည်းများ ရရှိရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အုပ်ချုပ်ရေးအဖွဲ့က Vaccine  ထိုးဆေး  (၁၀၀၀၀) လုံး၊ PPE  180  (၅၆၀) စုံ၊ PPE 175  (၁၄၀၀) စုံ၊ PPE 170  (၂၀၈၀)စုံ၊   PPE  165  (၂၁၆၀) စုံ၊ Mask  (၅၈၂၀၀) ခု၊ Glove   L  Size (၃၀၀၀) စုံ၊  Glove   M  Size (၃၀၀၀) စုံ၊  Face Shield  (၁၂၄၀၀) ခု၊ Head Cap  (၆၀၀၀) ခု၊ Surgical Gown  L  Size (၂၁၆၀) စုံ၊ Surgical Gown  M  Size (၄၀၀၀) စုံ၊ Ventilator  (၁) စုံ၊ Oxygen Concentrator  (၆၀)ခု၊ Syringe  (၄၀၀၀၀) ချောင်း၊ ခြေအိတ် (၁၂၁၄၀) စုံနှင့် အမှိုက်အိတ် (၅၅၀၀) စုံတို့ကို လင်ချန်းခရိုင် အုပ်ချုပ်ရေး အဖွဲ့ (ကိုယ်စား) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းမှ ပေးအပ် လှူဒါန်းရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်မှလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းတင်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကာကွယ်ဆေးနှင့် ပစ္စည်းများလှူဒါန်းမှု့အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာပြည့်ကိုကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)