မိုင်းငေါ့၊ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinovac အမျိုးအစား ကာကွယ်ဆေး အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် Sinovac အမျိုးအစား ကာကွယ်ဆေးကို အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ကျား (၆)ဦး၊ မ (၆)ဦး စုစုပေါင်း (၁၂) ဦးတို့အား မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမဆောင်တွင် ထိုးနှံပေး ခဲ့သည်။
ကာကွယ်ဆေး မထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုး ပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သတင်း - မြင့်သွယ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment