ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ


ကျောက်တံတား၊ ဒီဇင်ဘာ    ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေးလျက်ရှိရာ ယနေ့တွင်အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့) တွင် နံနက် (၁ဝ) နာရီအချိန်မှ မွန်းလဲ(၁) နာရီအချိန်ထိ Sinopharm  (5 Dose) Second Dose ကို ထိုးနှံသူ (၂၅၀)ဦးနှင့် (Phase 5)Sinovac (2 Dose) First Doseကိုထိုးနှံသူ (၁၀၈) ဦး စုစုပေါင်း(၃၅၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)