ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင်ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် တန်ဆောင်းတော်ဘက်စုံပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင်ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် တန်ဆောင်းတော်ဘက်စုံပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 


ဘိုကလေး၊ ဒီဇင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင် ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူ ခြင်းနှင့် ဘုရားတန်ဆောင်းတော် နံရံဆေးသုတ်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများအား ဂေါပကအဖွဲ့ဝင်များ၏ နှိုးဆော်မှု၊ ဘုရားဒါယကာ၊ ဒါယိကာမများ၏ ပါဝင်လှူဒါန်းမှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။     

အဆိုပါ ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင်ဘုရားကြီးအား  မြန်မာသက္ကရာဇ် (၁၂၆၄)ခုနှစ်တွင် စတင်သွန်းလုပ်ခဲ့ပြီး (၁၂၇၂) ခုနှစ်တွင် ကြေးသွန်းပြီးစီး၍ စတင်တည်ထားကိုးကွယ်ခဲ့ရာ ယခုနှစ် မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ်တွင် ဘုရားကြီးတည်ထား ကိုးကွယ်ခဲ့သည်မှာ (၁၁၁) နှစ်တိုင်ပြီဖြစ်ကြောင်း၊ ဘုရားကြီးအား မန္တလေးမဟာမြတ်မုနိ ဘုရားပုံတော်အတိုင်း တည်ထား ကိုးကွယ်ခဲ့ပြီး ဂျပန်ခေတ်က ဘိုကလေးမြို့ပေါ်တွင် အန္တရာယ်တစ်စုံတစ်ရာ ကျရောက်တော့မည်ဆိုပါက ဘုရားမျက်နှာတော် သည် အစိမ်းရောင်ပြောင်းသွားခဲ့သဖြင့် မြစိမ်းရောင်ဘုရားဟု အမည်မှည့်တွင်ခဲ့ကြောင်း ဘုရားသမိုင်းနှင့် ဂေါပကအဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရသည်။

၎င်းမြစိမ်းရောင် ဘုရားကြီးနှင့် တန်ဆောင်းတော်အား ခေတ်အဆက်ဆက် ဘုရား ဒါယကာ၊ ဒါယိကာမ အသီးသီးနှင့် ဂေါပကအဆက်ဆက်မှ  ပြုပြင်မွမ်းမံ လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ နိုဝင်ဘာ (၁၅)မှစ၍ မြစိမ်းရောင်ဘုရားကြီး ရွှေသင်္ကန်းကပ်လှူခြင်းအပြင် ဘုရားတန်ဆောင်းတော်အတွင်းမှ တည်ထားကိုးကွယ်သည့် ဗျာဒိတ်ပေးဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ကိုလည်း ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘုရားတန်ဆောင်းတော်ကြီးကိုလည်း နံရံပြုပြင်ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ သဖြင့် ပါဝင်ကုသိုလ်ပြု လှူဒါန်းလိုသူများအနေဖြင့်လည်း မြစိမ်းရောင်ဘုရားကြီး ဂေါပကအဖွဲ့များထံသို့ ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း သိရသည်။

သတင်း - မိုးစက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)