သာယာဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ


သာယာဝတီ၊ ဒီဇင်ဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာယာဝတီ မြို့နယ် အမက(ဆရာစံမြို့သစ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမျိုးထွန်းက ကျောင်းသူကျောင်းသားများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်နှင့် အသိပညာတိုးပွားစေရန် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ရေးနေ့နှင့် ဆက်နွယ်နေသည့် နေ့ထူးနေ့မြတ်များကို ကျောင်းသားကျောင်းသူများ ဗဟုသုတ တိုးပွားစေရန် အမေးအဖြေ ကဏ္ဍများပြုလုပ်ပေး ပြီးနောက် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြောကြားချက် များအား ကျောင်းသားကျောင်းသူတို့ လေးစားလိုက်နာ တတ်စေရန် နံရံကပ်စာစောင်များ ပြသခဲ့သည်။

ထို့နောက် အမက(ဆရာစံမြို့သစ်)ကျောင်းမှ ကလေးငယ်များအတွက် ဗဟုသုတ တိုးပွားစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်၊စာစောင်များကို လေ့လာဖတ်ရှုသည့် အလေ့အထ ကောင်းများ ဖြစ်လာစေရန်နှင့် ယခုကဲ့သို့ ဆေးရောင်ခြယ်ပြုင်ပွဲများမှစ၍  ဆေးရောင်များ မှန်ကန်စွာ ရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်းတို့ကို သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ နန်းအေးခိုင်မှ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းကျောင်း(ဆရာစံမြို့သစ်)မှ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသည့် မသက်မှူးအိမ်အား လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မောင်အာကာလင်းအား ကျောင်းအုပ် ဆရာမကြီး ဒေါ်မေမျိုးထွန်းကလည်းကောင်း၊ တတိယဆုရရှိသော မောင်ဒီနှိုင်းထက်အား Perfect Generotion Education Centre မှ Founder ဆရာမ ဒေါ်သင်းသင်းထွန်း က လည်းကောင်း ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)