ချမ်းအေးသာစံမြို့နယ်တွင် COVID - 19ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်တွင် COVID - 19ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံပေး




ချမ်းအေးသာစံ၊ ဒီဇင်ဘာ   ၂

ချမ်းအေးသာစံမြို့နယ်တွင် COVID - 19ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ထိုးနှံပေးလျက် ရှိသည်။ 

အဆိုပါ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ချမ်းအေးသာစံမြို့နယ် အရှေ့ခြမ်းရှိ ရပ်ကွက် ၁၀ရပ်ကွက်အတွက် ဆေးထိုးစုရပ်(၂)နေရာဖြစ်သည့် ဝါခင်းကုန်းစုရပ်တွင် ကန်ကောက်ရပ်ကွက်တွင် နေထိုင်သူ ၇၀၀ ဦး၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်တွင် နေထိုင်သူ ၂၀၀ ဦး၊ ပြည်ကြီးမျက်မှန်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ပြည်ကြီးပျော်ဖွယ်ရပ်ကွက်တွင် နေထိုင် သူ ၁၀၀ ဦး၊ ရန်မျိုးလုံရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဆုတောင်းရဘုရားစုရပ်တွင် စိတ္တရမဟီရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ မောရဂီဝါ ရပ်ကွက်တွင် နေထိုင်သူ ၂၀၀ ဦး၊ ကဉ္စနမဟီရပ်ကွက်တွင် နေထိုင်သူ ၂၀၀ ဦး၊ ဟေမာဇလ ရပ်ကွက်တွင် နေထိုင်သူ ၂၀၀ ဦး၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်တွင် နေထိုင်သူ ၇၀ ဦး၊ မြို့နယ် တွင် စုစုပေါင်း လူဦးရေ ၁၉၇၀ ဦးကို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်

ချမ်းအေးသာစံမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံ ရန် လာရောက်ကြသော ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ် ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ပြည်သူများနှင့် ဦးစားပေးအုပ်စု အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

သတင်း - ထိပ်ထားနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)