ရသေ့တောင်မြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


ရသေ့တောင်၊ ဒီဇင်ဘာ   ၁၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဉီးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ရသေ့တောင်မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးစံအောင်ကျော် ဉီးဆောင်၍ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသကိုယ်စားလှယ် ဉီးဉီးသိန်းမောင်က အမှာစကားပြောကြားပြီး ငါးလုပ်ငန်းဉီးစီးဌာန မြို့နယ်ဉီးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ဉီးစီးမှူးဉီးဆောင်ပြီး GAqp ကျင့်စဉ်အတိုင်း မွေးမြူရာတွင် လိုက်နာရမည့် အခြေခံ မူ(၄)ရပ် အား ခေါင်းစဉ် တစ်ခုချင်းအလိုက် စနစ်တကျသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သိရှိလို သည်များကို အပြန်အလှန်မေးမြန်းခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၀)ဉီးတို့အား ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရသေ့တောင်မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာနအနေဖြင့် ငါးလုပ်ငန်း ရေရှည် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖုံလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် အသိပညာ ပေးခြင်း၊ လက်တွေ့ကွင်းဆင်းသရုပ်ပြခြင်းနှင့်  နည်းပညာသင်တန်းများအား ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရ သည်။

သတင်း - အောင်စံထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)