နေပြည်တော်၊ ဒီဇင်ဘာ ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)၊ ဒိုက်ဦး-စစ်တောင်းလမ်းနှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး - ကျိုက်ထို - သထုံ - ဘားအံ လမ်း ၊ တံတား ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၁၁ ရက်တွင် အိန္ဒု-ကော့ကရိတ်လမ်း အခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဘားအံ-ကော့ကရိတ်-မြဝတီလမ်း (134KM-135KM) ကြားရှိ လှိုင်ဝတံတား ပေ (၃၀၀) လေးလမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး Bored Pile တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ဂျိုင်း(ကော့ကရိတ်) တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း တံတားတိုင် လုပ်ငန်း များ ဆောင်ရွက်ထားရှိမှု၊ တံတား ချဉ်းကပ်လမ်းများ ဆောင်ရွက်နေမှု၊ အိန္ဒု-ဇာသပြင် လမ်း အခြေအနေ၊ အသစ်တည်ဆောက်မည့် ဂျိုင်း (ဇာသပြင်) တံတားနှင့် အတရံ တံတား မြေနေရာ ရှင်းလင်းထားမှုနှင့် တံတားဆိုင်ရာပစ္စည်းများ စုဆောင်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်- သံဖြူဇရပ်-ရေး-ထားဝယ် လမ်းအပိုင်း အား (၂၄)ပေအကျယ် ကတ္တရာကွန်ကရစ် (AC) ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး မလွှဲတောင်-ထားဝယ်အပိုင်း (522.5km) အနီးမှ စတင်ဖောက် လုပ်မည့် ထားဝယ်မြို့ ရှောင်လမ်း အပိုင်း(၁) လျာထားလမ်းအူကြောင်းနှင့် ထားဝယ်-မေတ္တာ လမ်း၊ ဇလွန်းရွာအနီးမှ ဖြတ်၍ ထားဝယ်မြို့ရှောင်လမ်း အပိုင်း(၂) မြေသားတာဘောင်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ အဆိုပါ လမ်းပေါ်ရှိ ပေါက်တိုင်းတံတား လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထားဝယ်မြို့ရှောင်လမ်းသည် (ထားဝယ်-မလွှဲတောင်အပိုင်း) (522.5km) အနီး (သဗြေ ချောင်းရွာ လမ်းခွဲအနီး) မှ စတင်၍ ဖောက်လုပ်မည် ဖြစ်ပြီး (ထားဝယ်-ပလောက်အပိုင်း) (530.5Km) အနီးအထိ အရှည် (6Km) ရှည်လျားပြီး လမ်းတာဘောင်အကျယ် (12.19 m) ပေ (၄၀) အကျယ်နှင့် လမ်း အမျိုးအစားမှာ (7M) အကျယ် ကတ္တရာကွန်ကရစ် AC လမ်း ဆောင်ရွက် မည် ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်နှင့်အတူ ကမြောကင်း တံတားတည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ တံတားအမျိုးအစားမှာ အပေါ်ထည် R.C Girder , P.C Girder , Steel Arch Truss နှင့် R.C Decking Slab ဖြစ်ပြီး၊ တံတားတိုင် ကိုယ်ထည် R.C Concrete နှင့် အုတ်မြစ်ကို 1.2mØ နှင့် 1.5 mØ Bored Pile တို့ဖြင့် တည်ဆောက်ထားကာ စုစုပေါင်းတံတားအရှည် ပေ (၁၀၅၀)၊ ယာဉ်သွားလမ်း အကျယ် (၂၄)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၅)ပေစီပါရှိပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ် (၁၆၄)ပေ၊ အမြင့် (၁၆)ပေနှင့် တံတားခံနိုင်ဝန်မှာ AASHTOHS 25 ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment