ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦး၀င်းရဲထွန်း ပူတာအိုမြို့ မြို့မဈေး(မနက်ဈေး)၌ Mask Campaign ပြု လုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦး၀င်းရဲထွန်း ပူတာအိုမြို့ မြို့မဈေး(မနက်ဈေး)၌ Mask Campaign ပြု လုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး









ပူတာအို၊ ဒီဇင်ဘာ    ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦး၀င်းရဲထွန်းသည် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့၀င်များ၊ ပူတာအိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များ၊ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့၀င်များ လိုက်ပါလျက် ယနေ့နံနက် ၇နာရီ ၃၀ မိနစ်က ပူတာအိုမြို့ မြို့မဈေး( မနက်ဈေး)တွင် ဈေးရောင်းဈေး၀ယ်ပြည်သူများအား Mask အခု (၃၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ၀န်ကြီးနှင့် တာ၀န်ရှိသူများက ဈေးရောင်းဈေး၀ယ်ပြည်သူများအနေဖြင့် Mask များ စနစ်တကျ တပ်ဆင်ပြီး ဈေးရောင်းဈေး၀ယ်ပြုလုပ်ကြရန်နှင့် Mask တပ်ဆင်ခြင်းဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ရေး အသိပညာပေးပြောကြားသည်။


ထို့နောက် ၀န်ကြီးနှင့်တာ၀န်ရှိသူများသည် မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ (အမ်ဘူဒမ်း) အခြေခံပညာမူလတန်းကျောင်းနှင့် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးဆရာ ဆရာမများက RDT Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး ၀န်ကြီးက ကာကွယ်ဆေးထိုး နှံရန် ရောက်ရှိလာသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ရန်အတွက် တစ်ဆင့်စကားတစ်ဆင့် အသိပေးနိူးဆော်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့် ဒေသခံပြည်သူများ အား Mask များအခမဲ့ဖြန့်ဝေပေးခဲ့သည်။


ထို့အပြင် ၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ဒီဇင်ဘာ (၆)ရက် ညနေပိုင်းက ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် ခေါင်လန်ဖူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမ နှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ရေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)