အသက်(၁၈)နှစ်မှ အသက်(၆၀) ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တွံတေး၌ ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်(၁၈)နှစ်မှ အသက်(၆၀) ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တွံတေး၌ ဆက်လက်ထိုးနှံပေး




တွံတေး၊ ဒီဇင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အသက် ၁၈ နှစ်မှ အသက် ၆၀ ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ပြည်သူများကို သက်ဆိုင်ရာစုရပ်များ အလိုက် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အောင်ဆန်းသူရိယ အေးချိုအားကစားခန်းမ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့် အသက်(၆၀)နှစ်ပြည့်ပြီးသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊  သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကား ဆရာများ၊ (ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန် ပစ္စည်း ရောင်းချသူများ၊ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများ၊ ပြည်သူများအား ထိုးနှံပေးနေကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ယမန်နေ့က သာသနာ့ဗိမာန်တော်ကြီးတွင် ပထမအကြိမ် ထိုးနှံပြီးသူ(၆၈၄)ဦးနှင့် ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် ထိုးနှံပြီးသူ(၁၂၅၀)ဦးထိ ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။

သတင်း - ကိုမျိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)