မန္တလေး၊ ဒီဇင်ဘာ ၁၂
ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နေ ကိုယ်ဝန်ဆောင် မိခင် သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းနှင့် ခင်ပွန်းဖြစ်သူ ကိုအာကာဖြိုးတို့ကို ဆေးရုံသို့အသွား ၆၂လမ်း၊ ၁၀၄ × ၁၀၅ လမ်းကြားတွင် NLD, PDF အကြမ်းဖက်သမားများက အမေရိကန်နိုင်ငံထုတ်သေနတ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်လှုံ့ဆော်သတင်းဌာန Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်သည်ဟု မမှန်မကန် ရေးသားဖြန့်ဝေ၍ အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖော်ပြထားမှုအပေါ် သတင်းဌာနတစ်ခုက သတင်းမှန် ပြန်ကြားရေးအဖွဲ့သို့ မေးမြန်းခဲ့သည်။
သတင်းမှန်ပြန်ကြားရေးအဖွဲ့က "ချမ်းမြသာစည်မြို့နယ်နေ ကိုအာကာဖြိုး (၃၀) နှစ်သည် ယနေ့နံနက် (၇)နာရီခွဲခန့်တွင် ဇနီးဖြစ်သူ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်း (၂၉)နှစ်အား ၅၉× ၁၀၇ လမ်းထောင့်ရှိနေအိမ်မှ ဆိုင်ကယ်ဖြင့် City Hospital ဆေးရုံသို့ လိုက်လံပို့ဆောင်စဉ် ၆၂လမ်း၊ ၁၀၄× ၁၀၅ လမ်းကြားသို့အရောက်၌ လက်နက်ကိုင် အကြမ်းဖက်သမား ၂ဦးက ၆၂လမ်းအတိုင်း တောင်မှ မြောက်သို့ ဆိုင်ကယ်မောင်းနှင်လိုက်ပါလာပြီး ပစ္စတိုသေနတ်ဖြင့် ၃ချက်ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည့်အတွက် ဖြစ်စဉ်နေရာသို့ လုံခြုံရေးအဖွဲ့များက သွားရောက် စစ်ဆေးစဉ် လက်နက်ကိုင်အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းနှင့် ခင်ပွန်းဖြစ်သူတို့သည် သေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ၎င်းနေရာမှ USA 9mm LUGER ကျည်ခွံ ၂ခုအား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း" သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်လှုံ့ဆော်သတင်းဌာန Khit Thit Media ၏ သတင်းဖော်ပြချက်နှင့် ပတ်သက်၍ "အကြမ်းဖက် လက်နက်ကိုင် PDF အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းအား လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး Khit Thit Media Facebook Page ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်၍ သေဆုံးသည်ဟု သတင်းမှား ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ် ဖြစ်ပွားရာနေရာတွင် ကျန်ရှိခဲ့သော သိမ်းဆည်းရမိသည့် ပစ္စတိုကျည်ခွံများသည် မြန်မာနိုင်ငံအနှံ့ ချောင်းမြောင်းပစ်ခတ် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ရာတွင် PDF အကြမ်းဖက်သမားများ ပစ္စတိုကျည်ခွံဖြစ်ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြသော သတင်းများမှာ သတင်းတု၊ သတင်းမှားများနှင့် အခြေအမြစ်မရှိသော သတင်းများအား အမြဲတစေ ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရပြီး PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပေးနေသော သတင်းမီဒီယာတစ်ခုဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အဆိုပါသတင်းမီဒီယာများ၏ သတင်းဖော်ပြမှုများအား ချင့်ချိန်သုံးသပ်နိုင်ပါရန်" သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ပြောဆိုလိုက်သည်။
အကြမ်းဖက်လှုံကဆော် သတင်းဌာန Khit Thit Mdeia က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ "မန္တလေး ကုတင် ၃၀၀ ဆေးရုံရှေ့တွင် သူနာပြုဆရာမ ကိုယ်ဝန်ဆောင် မချမ်းမြငြိမ်းနှင့်ခင်ပွန်းဖြစ်သူကို ဆိုင်ကယ်ရပ်မပေး၍ စစ်တပ်က ပစ်သတ်" ဟု မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ယနေ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများကို NLD အကြမ်းဖက်ပါတီက ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက လုပ်ဆောင်နေခြင်းဖြစ်ပြီး DVB, Mizzima, Khit Thit Media, Myanmar Now, BBC, VOA, RFA သတင်းဌာနများတွင် NLD, PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်ဟု ရေးသားဖော်ပြလေ့မရှိဘဲ NLD, PDF အကြမ်းဖက်သမားများကို ကာကွယ်ရေးသား၍ ရက်စက်စွာ အသတ်ခံရသည့် ရဟန်းရှင်လူ ပြည်သူများကိုပင် ဒလန်ဟု ဖော်ပြ၍ ရေးသားနေကြသည်ကို အများပြည်သူ သိရှိနားလည်နိုင်ရန် မြန်မာနေရှင်နယ်ပို့စ်က လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။
တိုင်းတပါးလက်ပါးစေ NLD, ၈၈ မှ နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်ပေးမှုနောက်ကို လိုက်ပါ၍ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေသော NLD, PDF အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment