ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (NCD) ရောဂါ ရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (NCD) ရောဂါ ရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး


ပေါက်ခေါင်း၊ ဒီဇင်ဘာ   ၁၂

ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ ဖြစ်ပွါးမှု‌ကြောင့် အရွယ်မတိုင်ခင် သေဆုံးမှုများကို လျော့ချနိုင်ရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာရုံးများသို့ (NCD) ရောဂါ ရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းများကို အလှည့်ကျ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရင်းစစ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (NCD) မကူးစက်နိုင်သော ရောဂါများအကြောင်း အသိပညာပေးရှင်းလင်း ပြောကြားခြင်းနှင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှု အဆင့် (Primary Health Care Level) မှ စ၍ ဆီးချို၊ သွေးချိုနှင့်သွေးတိုးရောဂါရှိ၊ မရှိစစ်ဆေးကုသပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး၊ အဆိုပါ ရောဂါများစစ်ဆေး တွေ့ရှိ ပါက သက်ဆိုင်သည့် ဆေးဝါးများ တစ်လစာ ပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင် ကျန်ရှိသည့် ဌာနများသို့ ဆက်လက် စစ်ဆေးကု‌သပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)