လှိုင်မြို့နယ်၊ ရွာမကွေ့ရှိ မြတ်မေတ္တာမွန်ဆီဆိုင်အား PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့က ပစ်ခတ်ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်မြို့နယ်၊ ရွာမကွေ့ရှိ မြတ်မေတ္တာမွန်ဆီဆိုင်အား PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့က ပစ်ခတ်ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ရွာမကွေ့ရှိ မြတ်မေတ္တာမွန်ဆီဆိုင်အား ယနေ့ ဒီဇင်ဘာ ၁၂ရက် နံနက် ၄နာရီခန့်တွင် PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့က သောင်းကျန်းသူများက သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဆိုင်အတွင်းရှိ ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရှိရသေးသော်လည်း ဆီပန်များနှင့် ဆိုင်အတွင်း မီးလောင်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ်လနှင့် မေလအတွင်းကလည်း မန္တလေးမြို့ရှိ Denko ဆီဆိုင်နှင့် မြောက်ဥက္ကလာမြို့ Denko ဆီဆိုင်တို့အား PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာအဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ပြီး ဆီပန့်ကိုင်သည့် အမျိုးသမီးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့သည်။


သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)