NLD, PDF အကြမ်းဖက်သမားများက ဆရာ၊ ဆရာမ များအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လုပ်ကြံပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD, PDF အကြမ်းဖက်သမားများက ဆရာ၊ ဆရာမ များအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လုပ်ကြံပစ်ခတ်တိုက်ခိုက်


နေပြည်တော်၊ ဒီဇင်ဘာ ၉

NLD, PDF အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာပေသင်ကြားခွင့်မရရှိ စေရေးအတွက် ပညာရေးဝန်ထမ်းများအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အနီးကပ် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူအင်အားဖြင့် စီးနင်း၍ ကျောင်းဆောင်များနှင့် ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်း၊ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေသင်ကြားနိုင်ရေးအတွက် အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ပြုလုပ် လျက်ရှိသည်။


ထိုသို့ အကြမ်းဖက်အဖျက်အမှောက်နှင့် လုပ်ကြံသတ်ဖြတ်မှုများအား အဓိပ္ပါယ်မဲ့ ကျူးလွန် လျက်ရှိရာ ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းဆရာမဖြစ်သူ ဒေါ်ဇွန်ထက်ထက်ဝင်း(၂၉)နှစ် (ဘ)ဦးမြင့်ဦးသည် ကျောင်းမှ စက်ဘီးဖြင့် ၎င်း၏နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ အနောက်မှ ဆိုင်ကယ် စီးနင်းလာသည့် NLD, PDF အကြမ်းဖက်သမား ၂ ဦး က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ ကြောင်း၊ထိုသို့ပစ်ခတ်မှုကြောင့် ဒေါ်ဇွန်ထက်ထက်ဝင်းတွင် ယာ လက်မောင်းကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သဖြင့်ဆေးဝါး ကုသခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့  ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။


အလားတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ ဘုရင့်နောင်လမ်းနေ ဦးလှဝေ (၄၉)နှစ် (ဘ)ဦးတင်ကြည်နှင့် ဇနီးဖြစ်သူ အထက်တန်းပြ ကျောင်းဆရာမ ဒေါ်စုစုအောင်(၄၇)နှစ် (ဘ)ဦးအောင်မြအေးတို့သည် လဘက်ရည်ဆိုင်အတွင်း ရှိနေစဉ် စမ်းရွာကျေးရွာနေ NLD, PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင် သိန်းထိုက်(၃၃)နှစ် (ဘ)ဦးသိန်းလွင် သည် KENBO 125 ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးလှဝေတွင် ကျည်ဖောက်ဝင်ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ ဒေါ်စုစုအောင်တွင်  ကျောကုန်းကျည်ရှပ်ထိဒဏ်ရာ တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှ သိန်းထိုက်စီးနင်း လာသည့် KENBO 125 ဆိုင်ကယ် ၁ စီး၊ SIG SAUER P226 စာတမ်းပါပစ္စတိုသေနတ် ၁ လက်၊ A USA LUGER  9MM ကျည် ၃ တောင့်နှင့် ကျည်ခွံ ၅ ခု တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်များမှ NLD, PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း သားသမီးများ၏ ပညာသင်ကြားမှု အခွင့်အရေးအပေါ် တားဆီးနှောက်ယှက်လျက်ရှိသည့် NLD, PDF အကြမ်းဖက်သမားများ၏ သတင်းအား သိရှိရပါကနီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာဖြင့် သတင်းပေးပို့နိုင်ပါရန် အသိပေး ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)