ချမ်းအေးသာစံမြို့နယ်အတွင်း Silence Strike Campaign ပြုလုပ်ရန် ပြင်ဆင်နေသူ NLD, PDF အကြမ်းဖက်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး လက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်အတွင်း Silence Strike Campaign ပြုလုပ်ရန် ပြင်ဆင်နေသူ NLD, PDF အကြမ်းဖက်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး လက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ






နေပြည်တော်၊ ဒီဇင်ဘာလ ၉

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်၊ ၃၀×၆၃ လမ်းထောင့်၌ လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ခိုင်ဇင်ဇူး(၂၀)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ Silence Strike Campaign ပြုလုပ်ရန် လှုံဆော်ရေးသားထားသည့် လက်ကမ်း စာစောင်များနှင့် ပိတ်စ ၁ ခုတို့အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနေထိုင်သည့် ချမ်းအေး သာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ်အား ထပ်မံရှာဖွေခဲ့ရာ လက်လုပ်မိုင်းမျိုးစုံ ၁၀၀ လုံး၊ ယမ်းကြိုး ၃၃ ခု၊ ဒိုင်းကာ ၃၀ ခု၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ခွပ်ဒေါင်းပုံပါ ဗကသ အလံ ၁ ခု၊ ဆေးပစ္စည်းမျိုးစုံနှင့် ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

NLD, PDF အကြမ်းဖက်အဖွဲ့ဝင် တရားခံ ခိုင်ဇင်ဇူး၏ ထွက်ဆိုချက်အရ မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြခြင်း များအား အဓိကဦးဆောင်သူမှာ ဖမ်းဆီးရန်ကျန် တရားခံ အစွန်းရောက် NLD ပါတီဝင် သူရအောင် ဖြစ်ပြီး ၎င်းမှ ဆန္ဒပြသူများ စုစည်းနေထိုင်ရန်အတွက် ချမ်းအေးသာစံ မြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ်အား ငှားရမ်း ထားခြင်းဖြစ်ပြီး အဆိုပါနေအိမ်တွင် ဖမ်းဆီးရန်ကျန် လှလှ ၊ ဝင့်ဝါ ၊ ငြိမ်းချမ်းပြည့်စုံ ၊ ဟိန်းမင်းဇော် နှင့် စိုးလင်းအောင် တို့ ၆ ဦး စုစည်းနေထိုင်၍ မန္တလေးမြို့တွင်း ဆူပူ ဆန္ဒပြမှုများ ဖြစ်ပေါ်စေရေး လိုက်လံဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။

NLD, PDF အကြမ်းဖက်အဖွဲ့ဝင် တရားခံ ခိုင်ဇင်ဇူး၏ ထွက်ဆိုချက်အရ မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြ ရာတွင် အသုံးပြုသည့် ဆိုင်းဘုတ်များ၊ ပိုစတာများအား ဟိန်းမင်းဇော် မှ ပိတ်စများ ဝယ်ပေးပြီး အဆိုပါနေအိမ်၌ ဆော့ပင်/မှုတ်ဆေးများအသုံးပြု၍ ရေးသားပြုလုပ် ကြောင်း၊ ဆူပူဆန္ဒပြရာတွင် အသုံးပြုမည့် လိုအပ်သည့်ပစ္စည်းများ၊ ဆန္ဒပြလိုက်ပါ သူများ၏ စားဝတ်နေရေးအတွက် ငွေကြေးအား သူရအောင် မှ အဓိကထောက်ပံ့၍ စေခိုင်းလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် သူရအောင် ၏ စေခိုင်းချက်အရ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်း  အုပ်ချုပ်မှု ယန္တရား ပျက်ပြားနေသည်ဟု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ Silence Strike Campaign ပြုလုပ်ရန် နှင့် အဆိုပါနေ့ရက်တွင် ပုံမှန်သွားလာလျက်ရှိသော အများ ပြည်သူများအား ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအဖြစ်သတ်မှတ်ကာ ထိခိုက်ဒဏ်ရာ ရရှိစေရန်အတွက် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက် ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း  ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ အဆိုပါ ဖမ်းဆီးရမိတရားခံအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်နှင့် ထိခိုက်ဒဏ်ရာရရှိစေရန် အကြမ်းဖက်မှုဆောင်ရွက်နေသူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)