စစ်ကိုင်းမြို့နယ် ပေါက်ကားကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကျာင်းကို NLD , PDF အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၃ လုံးဖြင့် ပေါက်ခွဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ် ပေါက်ကားကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကျာင်းကို NLD , PDF အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၃ လုံးဖြင့် ပေါက်ခွဲတိုက်ခိုက်


စစ်ကိုင်း၊ ဒီဇင်ဘာ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပေါက်ကားကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၌ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဆရာ၊ ဆရာမ ၅ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၇၁ ဦးတို့ အေးချမ်းစွာ ပညာသင်ကြားနေစဉ် NLD , CRPH . NUG , PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်သမား ၃ ဦးမှ လက်လုပ်မိုင်း ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၁ လုံး ပေါက်ကွဲခဲ့ပြီး ၂ လုံး မ‌ပေါက်ကွဲဘဲ ကျန်ရှိခဲ့ကြောင်း သတင်းအရင်းမြစ်များမှ သိရှိရသည်။

အဆိုပါ ပေါက်ကွဲမှုမရှိသည့် လက်လုပ်မိုင်းကို နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ၊ အပြစ်မဲ့ပြည်သူများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)