နေပြည်တော်၊ ဒီဇင်ဘာ - ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း NLD, PDF အကြမ်းဖက်သမား များ၏ လက်ပစ်ဗုံး ပစ်ပေါက်မှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၄၅ × ၄၆ လမ်းကြားရှိ အောင်သာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက်သမားများက ဆိုင်ကယ် ၂ စီးဖြင့် လာရောက်၍ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ပစ်ပေါက်ခဲ့ခြင်းကြောင့် ၁၁၀ လမ်းဘေးရှိ ကွမ်းယာဆိုင်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကွမ်းယာဆိုင်အတွင်းရှိ အသက် ၅ နှစ်အရွယ် မိန်းကလေး ငယ် ၁ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အသက် ၅ နှစ်အရွယ် အပြစ်မဲ့ မိန်းကလေးငယ် ၁ ဦးသေဆုံးသည်အထိ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့သူများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ NLD, PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် အကြမ်းဖက်လှုံ့ဆော်သတင်းဌာနများက အများပြည်သူ အထင်လွဲ အမြင်မှားဖြစ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် ထိုခိုက်သည်ဟု မမှန်သတင်းများ လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလှုံ့ဆော် ရေးသားမှုများ ပြုလုပ်လျက်ရှိသည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာများ၊ ဆရာ/ဆရာမ၊ အပြစ်မဲ့ အရပ်သား ပြည်သူ၊ ကလေးငယ်များ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၄၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး NLD, PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ကိုယ်ဝန်ဆောင်သည်မိခင်များအပါအဝင် ကလေးငယ် ၅ဦးထက်မနည်း သေဆုံးခဲ့ရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment