မူဆယ်၊ ဒီဇင်ဘာ ၁၀
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေး အမည်ခံ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်း ပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချိုတွင် သိုဝှက် သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားပြု လုပ်၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်လျှက်ရှိသည့်အပြင် စာသင်ကျောင်း/ရုံးဌာနများကို ဗုံးကွဲခြင်းစသည့်အဖျက်လုပ်ရပ်များအားလုပ်ဆောင်လျှက်ရှိရာ ဒီဇင်ဘာ ( ၁၀)ရက်ဒီကနေ့၌NLDအစွန့်ရောက်များအသံတိတ်သပိတ်ပြုလုပ်သည့်နေ့၌ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ စည်ပင်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ (၂)ဦး ထိခိုက်မှုရှိကြောင်း ကန ဦး သိရသည်။ယင်းပေါက်ကွဲမှုကြောင့်ဝန်ထမ်းနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ဒေသခံများ ဆိုသည်။
"စည်ပင်ရုံး ဗုံးခွဲခံရတယ်။ စာရေးမ (၂)ဦး ထိတယ်"ဟု သတင်းရင်းမြစ်တစ်ဦးကဖုန်းဖြင့်ဖြေကြားသွားပါသည်။မူဆယ်မြို့နယ်စည်ပင်သာယာရေးရုံးတွင် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ နေ့လည်(၁)နာရီ(၄၅)မိနစ် ဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွားရာ ရုံးအတွင်း စာရေးမနှစ်ဦး ထိခိုက်မှုရှိကြောင်း သိရသည်။
အငယ်တန်းစာရေး(၁)ဦး နှင့် အကြီးတန်းစာရေး(၁)ဦး စုစုပေါင်း (၂)ဦး ဒဏ်ရရှိကြောင်း သိရသည်။ဒီဖြစ်နှင့်ပက်သက်ပြီးအသေးစိတ်ထပ်မံဖော်ပြပေးသွားမည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment