သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၉၅၅ ဦး တို့အား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၉၅၅ ဦး တို့အား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး


သာစည်၊ ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထားသူ ၉၅၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်များတွင် ယမန် နေ့က ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက Sinopharm အမျိုးအစား ကာကွယ်ဆေးပုလင်း တစ်လုံးလျှင် ငါး ဦး နှုန်းဖြင့် ပထမအကြိမ် ထိုးနှံထားသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအားထိုးနှံပေးခဲ့ရာ ဆံမြိတ်ရှည်ကျေးရွာမှ ၆၈၀ ဦး၊နှမ်းကန်ကျေးရွာမှ ၂၆၀ ဦး၊မြို့နယ်ပြည်သူ့ဆေးရုံမှ ၁၅ ဦး စုစုပေါင်း ၉၅၅ ဦးတို့အား  ဒုတိယ အကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။

သာစည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှစတင်၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ယမန်နေ့အထိ Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ  ၅၅၉၁၄ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ  ၃၈၇၂၀ ဦး၊  Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၇၄၇၀ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၁၄၇၇၇ ဦး ၊စုစုပေါင်း ၁၂၆၈၈၁ ဦးတို့အား ထိုးနှံ‌‌ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)