နမ့်ခမ်းမြို့ရှိ ဓာတ်မြေသြဇာအရောင်းဆိုင်၌ NLD,CRPH,NUG,PDF သာသနာဖျက်ပြည်ဖျက်မိစ္ဆာအစွန်းရောက်အကြမ်းဖက်သမားများမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ရာ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့ရှိ ဓာတ်မြေသြဇာအရောင်းဆိုင်၌ NLD,CRPH,NUG,PDF သာသနာဖျက်ပြည်ဖျက်မိစ္ဆာအစွန်းရောက်အကြမ်းဖက်သမားများမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ရာ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး





နမ့်ခမ်း၊ ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ ယမန်နေ့ က ဓာတ်မြေသြဇာအရောင်းဆိုင်တစ်ခုသို့  NLD,CRPH,NUG,PDF သာသနာဖျက်ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်သမားများမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အရောင်းဝန်ထမ်းတစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ရှိ ဓာတ်မြေသြဇာအရောင်းဆိုင်အား ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် Crown အမျိုးအစား မော်တော်ယာဉ်ဖြင့် လာရောက်၍ အရပ်ဝတ်ဖြင့် ပစ္စတိုသေနတ်နှင့် AK 47 ကိုင်ဆောင်ထားသည့် NLD,CRPH,NUG,PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်သမား ၅ ဦးက ဆိုင်အတွင်းသို့ ဝင်ရောက်၍ ပစ်ခတ်မှုများပြုလုပ်ကာ မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကဆိုသည်။

အဆိုပါ PDF အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများသည်မကြာခဏဆိုသလို မိမိတို့ဆက်ကြေးကောက်ခံရာ၌ အဆင်မပြေသူများအားအကြောင်းမဲ့သတ်ဖြတ်ဖမ်းဆီးခြင်းများခံနေရကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)