ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်

 


နေပြည်တော်၊ ဒီဇင်ဘာ ၉                                                    

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့မရဲစခန်းအနီးသို့ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းသမားအင်အား ၃၀ ဉီးခန့်က အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ရန် ချဉ်းကပ်လာရာမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သမားများသည် အရှေ့ဘက်သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများသည် အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်း ကြောင့် ညနေ ၆ နာရီ ၁၅ မိနစ်မှ ယနေ့ နံနက် ၁ နာရီ ၅ မိနစ်အထိ ရပ်ကွက် အတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၈ နာရီခွဲခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်ခင်း၊ သွပ်ကာ၊သွပ်မိုး ၁ ထပ်နေအိမ် ၈ လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ၁ ထပ်နေအိမ် ၂ လုံးနှင့် ပျဉ်ခင်း၊ သွပ်ကာ၊ သွပ်မိုး ၂ ထပ်နေအိမ် ၃ လုံး စုစုပေါင်း နေအိမ် ၁၃ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၀၀ ခန့်) မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင်လျက်ရှိရာ လမ်း ပန်းဆက်သွယ်ရေးခက်ခဲသည့် ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ် ၃၀ လုံး၊ ၆ ခန်းတွဲ ဈေးဆိုင်ခန်း ၁ လုံးနှင့် ဘုရားရှိခိုးကျောင်း ၁ ကျောင်းကို နိုဝင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ် ၇၀ လုံးခန့်နှင့် ဘုရားရှိခိုးကျောင်း ၂ ကျောင်းကို အောက်တိုဘာ ၂၉ ရက်တွင်လည်း ကောင်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

အကြမ်းဖက်သမားများက ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို မကြာခဏ ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်းတည် ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ် ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)