ဘေးကင်းလုံခြုံစိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှု အလေ့အကျင့် ကောင်းများဆိုင်ရာ Video Conferencing အလုပ်ရုံဆွေးနွေးပွဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘေးကင်းလုံခြုံစိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှု အလေ့အကျင့် ကောင်းများဆိုင်ရာ Video Conferencing အလုပ်ရုံဆွေးနွေးပွဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေး


နေပြည်တော်၊ ဒီဇင်ဘာ ၉

ဘေးကင်းလုံခြုံ စိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှု ဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ “Workshop on Sharing Best Practices on the Use of Social Media towards a Safe, Secure and Reliable Internet” ကို  ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ပြန်ကြားရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ နေပြည်တော်နှင့် ရန်ကုန်ရှိ သက်ဆိုင်ရာနေရာများမှ ပါဝင်တက်ရောက်ကြသည်။


အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ချစ်ခင်ရင်းနှီးနိုင်စေရေး၊ အသိပညာများမျှဝေနိုင်ရေး၊ နိုင်ငံတကာအတွေ့အကြုံများအား အပြန်အလှန်အထောက်အကူ ဖြစ်စေရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် Social Media အသုံးပြုမှုဆိုင်ရာ ထုတ်ပြန်ထား သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား ဖလှယ် နိုင်စေရေးတို့နှင့် Social Media ဆိုင်ရာ အလေ့အကျင့်ကောင်း များ ဖြစ်ထွန်းပေါ်ပေါက်ရေး တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ် များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေး ကြသည်။


ဆွေးနွေးပွဲ၌ လူမှုကွန်ရက်စာမျက်နှာများတွင် မီဒီယာအသုံးပြုမှုနှင့် အွန်လိုင်းပေါ်တွင် မဟုတ် မမှန်သတင်းများ၊ သတင်းတု၊ သတင်းယောင်များအား တုံ့ပြန်ဖြေရှင်းခြင်းနှင့်  စီမံခန့်ခွဲခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများမျှဝေခြင်း၊  ထိန်းကျောင်းခြင်း၊ ပြည်သူလူထု ပညာပေးခြင်း၊ လူထု ဆက်သွယ်ရေးတွင် မီဒီယာနှင့် ထိတွေ့ဆက်ဆံမှု၊ သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် သူများနှင့် ဆက်ဆံရေးဆိုင်ရာများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များက တစ်နိုင်ငံချင်းအလိုက် Power Point Presentation ဖြင့် ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိ မြန်မာနိုင်ငံတွင် Social Media အသုံးပြုမှုအခြေအနေ၊ Social Media ကို အသုံးပြုပြီး သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ အမုန်းစကား ပြောဆိုခြင်း၊ မီဒီယာကျင့်ဝတ်များ လိုက်နာရန် ပျက်ကွက်ခြင်း၊ Cyber Bullying ပြုလုပ်ခံရခြင်းနှင့် သတင်းမှားများ ပျံ့နှံ့ခြင်းတို့အပေါ် မြန်မာနိုင်ငံမှ ပြဌာန်းထားသည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာဥပဒေ စသည့် ဥပဒေများမှ ပုဒ်မ အချို့ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)