ကွန်ဟိန်း၊ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းအား ယနေ့ နံနက်(၇:၀၀)နာရီအချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တစ်ဦးမှတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး၊ ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားကူးစက်မှု ကွင်းဆက်များ အမြန်ဆုံးဖြတ်တောက်နိုင်ရန်အတွက်ရည်ရွယ်၍ ယနေ့တွင် ဒေသခံပြည်သူ (၉၉) ဦးတို့အား ကိုဗစ်၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးနိုင် ခဲ့ပြီး ရောဂါပိုးမတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
အဆိုပါ စစ်ဆေးပေးခြင်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက် ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန် တာဝန်သူရှိများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်း - တပည့်(ကွန်ဟိန်း)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment