တနင်္သာရီမြို့တွင်အလယ်တန်း၊အထက်တန်းကျောင်းသား/သူများအားSinovac ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့တွင်အလယ်တန်း၊အထက်တန်းကျောင်းသား/သူများအားSinovac ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

 





တနင်္သာရီ၊ ဒီဇင်ဘာ   ၃၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် Sinovac ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ဒုတိယအကြိမ်နှင့် တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူများအား ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအချိန်အထိ သတ်မှတ်ထားသော ဆေးထိုးစုရပ်ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ကျန်းမာရေးဌာန ဆရာမများက ထိုးနှံပေးကြကြောင်း သိရသည်။

ယနေ့ အထက-တနင်္သာရီ ဆေးထိုးစုရပ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် အထက-တနင်္သာရီ၊ အထက(ခွဲ)ရေပေါ်ရွာ၊ အလက-လယ်တောင်ယာ၊ အလက- ရှမ်းအင်းတော်၊ အလက-ချောင်းလမု၊ အလက-သိန်ခွန်းနှင့်အလက(ခွဲ)မရင်းကြီးကျောင်းတို့မှာ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသော အလယ်တန်းကျောင်းသား/သူ (၁၂၄) ဦးအား (ပထမ)အကြိမ်အဖြစ် လည်းကောင်း၊ အလယ်တန်းကျောင်းသူ/သား (၁၁၂) ဦးနှင့် အထက်တန်းကျောင်းသူ/သား (၂၉) ဦးတို့အား (ဒုတိယ)အကြိမ်အဖြစ်လည်းကောင်း ကျန်းမာရေးဌာနဆရာမများက ထိုးနှံပေးရာ ကျောင်းအုပ် ဆရာကြီးဦးအေးနိုင်နှင့် ဆရာ/မများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူအထက-ညောင်ပင်ကွင်းဆေးထိုးစုရပ်တွင် အထက-ညောင်ပင်ကွင်း၊ အထက(ခွဲ) သဘော့လိပ်၊ အလက-ဘန်လော၊ အလက-ကျွဲထိန်းကုန်း၊ အလက(ခွဲ)ညောင်ပင်ကွင်း(န)၊ မူလတန်းလွန်မုတ်ဆိပ်ကွင်းနှင့် မူလွန်(၆)မိုင်ရွာကျောင်းတို့တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသေးသော အလယ်တန်း ကျောင်းသား/သူ(၃၈)ဦးနှင့် အထက်တန်းအဆင့်(၄)ဦးတို့အား(ပထမ) အကြိမ်အဖြစ်လည်းကောင်း၊ အလယ်တန်းအဆင့်(၃၃)ဦးနှင့် အထက်တန်းအဆင့်(၅)ဦးတို့အား (ဒုတိယ)အကြိမ်အဖြစ်လည်းကောင်း ကျန်းမာရေးဌာနဆရာမများက ထိုးနှံပေးကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုနှင့်ဆရာ/မများက လိုအပ်သည်များပူးပေါင်းကူညီဆောင်ရွက်ပေးကြ ကြောင်း သိရသည်။

သတင်း - နန်းသာရီ-ထိန်ဝင်း

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)