ချောက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပဉ္စမအသုတ်၊ ပထမအကြိမ်၌ ကာကွယ်ဆေး လူဦးရေ (၂၀၀၀)ဦး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပဉ္စမအသုတ်၊ ပထမအကြိမ်၌ ကာကွယ်ဆေး လူဦးရေ (၂၀၀၀)ဦး ထိုးနှံပေးလျက်ရှိ



ချောက်၊ ဒီဇင်ဘာ   ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်နေရှိသော ၁၈ နှစ်အထက် ဆေးမထိုးရသေးသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယ‌နေ့နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ ချောက်မြို့နယ် ပြည်သူ ဝန်ဆောင်ဝမှု (OneStopShop)ရုံး၊ မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၊ ချောက်ရေနံ လုပ်သားများ အပန်းဖြေရိပ်သာ(၂)၊ သက်ဆိုင်ရာ ကျေးလက် ကျန်းမာရေးဌာခွဲတို့ရှိ ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှုသည် ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ်၊ ပထမအကြိမ်ထိုးနှံခြင်းဖြစ်သည်။ ချောက်မြို့နယ်အတွက် ပဉ္စမအသုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒီဇင်ဘာလ(၂၀)ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၃)ရက်နေ့ထိ (Sinovac) ကာကွယ်ဆေးကို ဆေးတစ်လုံးလျှင် လူ(၂)ဦးထိုးနှံပေးလျက်ရှိရာ ပထမကြိမ်လူဦး‌ရေ ဒီဇင်ဘာ(၂၇)ရက်နေ့အထိ (၁၂၇၄)ဦးထိုးနှံပြီးကြောင်း၊ လူဦးရေ (၂၀၀၀)ဦးထိ ထိုးနှံပေးမည်ဖြစ်၍ စုစုပေါင်းလူဦးရေ (၇၂၆)ဦး ကျန်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteerများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်.စာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်မိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)