ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် ဖိလစ်ပိုင်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဌာနနှင့် ကိုရီးယားနိုင်ငံယဉ်ကျေးမှု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် UNWTO Workshop on Measuring the Sustainability of Tourism (MST) for Asia and the Pacific ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် ဖိလစ်ပိုင်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဌာနနှင့် ကိုရီးယားနိုင်ငံယဉ်ကျေးမှု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် UNWTO Workshop on Measuring the Sustainability of Tourism (MST) for Asia and the Pacific ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၁၄

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၊ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနနှင့် ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်သည့် UNWTO Asia – Pacific Workshop on Measuring the Sustainability of Tourism (MST) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ Virtual ဖြင့် ကျင်းပရာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် အာရှနှင့်ပစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့ (PATA) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်၍ အဆင့်မြင့် အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၊ အာရှနှင့်ပစိဖိတ် ဒေသ များမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ ဖိလစ်ပိုင်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဌာနမှ တာဝန်ရှိသူနှင့် ကိုရီးယားနိုင်ငံ၊ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အကြီးအကဲများနှင့် ကျွမ်းကျင် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲကို အာရှ-ပစိဖိတ်ဒေသ အဖွဲ့ဝင်နိုင်ငံများအား ခရီးသွားလုပ်ငန်းရေရှည် တည်တံ့ ခိုင်မြဲမှုကို တိုင်းတာရန်အတွက် စာရင်းအင်းအချက်အလက်များ အသုံးပြုပုံကို သိရှိစေရန်၊ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့မှု၏အရေးကြီးပုံကို ပိုမိုသတိပြုမိလာစေရန်နှင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးတိုင်းတာမှုညွှန်းကိန်းများ၊ မဟာဗျူဟာများကို ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ် သည်။

ယင်းနောက် Division မှ Chief of Environment Economic Accounting Section ဖြစ်သူ Ms. Alessandra Alfieri က Sustainable Development Agenda တွင် ပါဝင်သော ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့မှုတိုင်းတာခြင်း၏ အရေးပါမှုနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေး သည်။

ထို့နောက် ဆွေးနွေးပွဲတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် များဆိုင်ရာ ညွှန်းကိန်းများနှင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့မှုအား  တိုင်းတာခြင်းအပေါ် ဆောင်ရွက်နေသည့် UNWTO/UNSD စီမံကိန်းကို ရှင်းလင်းတင်ပြခြင်း၊ ခရီးသွားလုပ်ငန်း မူဝါဒများနှင့် ညွှန်းကိန်းများ ချိတ်ဆက်ခြင်း၊  ခရီးသွားလုပ်ငန်းရေရှည်တည်တံ့မှုကို တိုင်းတာခြင်း၊ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့မှုကို အဏ္ဏဝါဆိုင်ရာအချက်အလက်များနှင့် တိုင်းတာခြင်းစသော ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွား လုပ်ငန်းတွင် ရေအရင်းအမြစ်နှင့် စွမ်းအင်သုံးစွဲမှုကို ခန့်မှန်းခြင်း၊ ဖီဂျီနိုင်ငံတွင် ခရီးသွား လုပ်ငန်းရေရှည်တည်တံ့မှု တိုင်းတာခြင်း လမ်းပြမြေပုံ ဖော်ဆောင်ခြင်း၊ Samoa နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်း  စာရင်းဇယား တိုးချဲ့ဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံမှ စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်း အချက်အလက်များ  ချိတ်ဆက်ဆောင်ရွက်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)