မြစ်သားမြို့၌ ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် (10)MVA မှ (20) MVAသို့ တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့၌ ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် (10)MVA မှ (20) MVAသို့ တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်

 


MNP - ဇန်နဝါရီ    ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း  ဓာတ်အားသုံးစွဲသူပိုမိုများ ပြားလာရာ ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက်  (10) MVA မှ (20) MVAသို့ တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းကို မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း  သိရသည်။

အဆိုပါ လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ပြည်ထောင်စုဘတ်ဂျက်ဖြင့်  မန္တလေးလျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်း၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့်  Htoo Myat Myanmar Co; Ltd မှ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ ၃၃/၁၁ ကေဗွီ(၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံမှ (၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံ (၄၅ပေ၊ ၃၀ပေ) Control Building ဆောက်လုပ်ခြင်းနှင့် ၃၃ ကေဗွီSwitch Bay (၁)စုံ အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့်  လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက မြစ်သားမြို့နယ်အတွင်း ဓာတ်အားကောင်း မွန်စွာဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပါကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ပြောပြ၍ သိရသည်။

မြစ်သားမြို့နယ်အတွင်း ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာစုစုပေါင်း (၁၀၇)ရွာရှိပြီး မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာ(၉၀)အား ဓာတ်အားဖြန့်ဖြူးပေးထားပြီး ကျေးရွာ(၁၇)ရွာအား NEP Phase-2 ဖြင့် လုပ်ငန်းများ စတင်နေပြီး ၎င်းကျေးရွာများလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက မြစ်သားတစ်မြို့နယ်ရုံး ၁၀၀ ရာခိုင်နှုန်း မီးလင်းတော့မည်ဖြစ်ကြောင်း  သိရသည်။

သတင်း - မြမြမွန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)