ရေးမြို့တွင် အသက်၈၅နှစ်အထက် ဘိုးဘွား ၁၂၁၁ ဦးအား လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက်​ ထောက်ပံ့​ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့တွင် အသက်၈၅နှစ်အထက် ဘိုးဘွား ၁၂၁၁ ဦးအား လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက်​ ထောက်ပံ့​ပေးအပ်

 





MNP - ဇန်နဝါရီ    ၃၀

မွန်ပြည်နယ် ရေးမြို့နယ်တွင်အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၂၁၁ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဦးနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ယနေ့နံနက် ၁၁ နာရီက ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၃ လပတ်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ၁ လလျှင် ငွေကျပ်၁၀၀၀၀နှုန်းဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာ ၃လအတွက် တစ်ဦးလျှင် ၃၀၀၀၀ကျပ်နှုန်းဖြင့် ၁၂၁၁ ဦးအတွက် စုစုပေါင်း ငွေကျပ် ၃၆၃၃၀၀၀၀ တိတိကို ဘိုးဘွားများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ခင်သိမ့်သိမ့်ရည်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)